Sunday, July 31, 2011

မှန်သုံးချပ် (ကိုရန်အောင်ဘလော့မှကူးယူဖေါ်ပြပါသည်)


မှန်သုံးချပ်


တိတ်ဆိတ်ခြင်းတွေကို စားသုံးရင်း
ဘ၀ဟာ နေ့ချင်းညချင်း ကြီးပြင်းလာခဲ့တယ်.

မှန်သားလက်လက်မှာရှိတဲ့ နေ့စဉ်ပုံရိပ်တွေက
ဒီရေအတက်အကျတွေကို လှည့်စားထားရဲ့…

မှန်ပေါ်ကလူ
မနေ့ကနဲ့ တူသေးရဲ့လား?
မှန်ထဲကလူ
ဒီနေ့မနက်နဲ့ တူသေးရဲ့လား?
မှန်ပြင်ကလူ
ဒီနေ့ညနေ ရှိနေဦးမလား?

တစ်ချို့က မှန်ထဲကို စူးစိုက်
ကိုယ့်မိုက်မဲမှုတွေကို ခုံရုံးတင်တယ်.
တစ်ချို့က မှန်ထဲမှာ သာယာ
ကိုယ့်အပြစ်အနာအဆာတွေကို ဖုံးဖိတယ်.
တစ်ချို့က မှန်ပြင်ထက် မိန်းမော
ကိုယ့်သောကတွေကို စီးမျောပစ်တယ်.
တစ်ချို့က မှန်ချပ်ကို ရိုက်ချ
အာဃာတတွေအတွက် ခုတုံးလုပ်ကြတယ်.
တစ်ချို့က မှန်ကင်းကို ငြင်ငြို
မှန်လွန်းလို့ အပြစ်သိုကြတယ်.

ကြေးမုံခုံးလည်း သူ့သမ္ဘာနဲ့သူ
ကြေးမုံခွက်လည်း သူ့အထာနဲ့သူ
ကြေးမုံပြင်လည်း သူ့နေရာနဲ့သူ
ရည်ရွယ်ချက်ပေါ်မူတည်ပြီး
ဆုံချက်တွေကို စုစည်းပေးကြတယ်.

အရွယ် ငယ်စဉ်က ကြေးမုံပြင်
အရာရာကို အရှိအတိုင်း ရှုမြင်ခဲ့တယ်.
နီးတော့လည်းနီးပေါ့
ဝေးတော့လည်းဝေးပေါ့
ဆုံချက်မိသလောက်ပဲ ဆွဲခဲ့မိတယ်.

အရွယ်လတ်တော့ ကြေးမုံခုံး
ကိုယ်မမျိုနိုင်တာကိုတောင်
ဝမ်းဗိုက်ထဲ ဆန့်အောင် ထည့်ကြည့်ချင်လာတယ်.
ဆုံချက်မိရင်ပြီးရော
ဗျောဗျောဗျောဆို ဆွဲချ
ပေါ်လာတဲ့ ပုံရိပ်က ကုန်းကုန်းကွကွ

အရွယ်ရင့်တော့ ကြေးမုံခွက်
ထင်တိုင်းမဖြစ်တော့ စိတ်ပျက်လာတယ်.
ကိုယ့်ရှေ့ လူဝ လာရပ်ရင် ပိန်ပြလိုက်
လူသိမ်လာရပ်ရင် ဖြိုးပြလိုက်နဲ့
ဟိုးဟိုးဟဟ လှောင်ရယ်သံတွေကြားမှာ
စိတ်ပျက်လက်ပျက် နှစ်သက်လာနေမိခဲ့တယ်.
ဒါမှမဟုတ်
နှစ်နှစ်ခြိုက်ခြိုက် စိတ်ပျက်နေခဲ့မိတယ်.

ခုတော့လည်း ကြေးမုံရယ်…
ဆုံချက်တွေက မှားတတ်လွန်းလို့
ဘယ်အရာမှ မလွဲချော်ဖြစ်အောင်
ထစ်ခနဲရှိ မှန်သုံးချပ်လုံး
ထုတ်သုံးဖို့ အသင့်ဖြစ်နေခဲ့ပြီလေ...

~ ရေခဲငှက် ~

ယဉ်ကျေးမှုမညီတဲ့ ကြော်ငြာ ဆန့်ကျင်ရေး ဂျာနယ်တွေ ဖိအားပေးခံရ

ယဉ်ကျေးမှုမညီတဲ့ ကြော်ငြာ ဆန့်ကျင်ရေး ဂျာနယ်တွေ ဖိအားပေးခံရ

Saturday, July 30, 2011

ရှစ်လေးလုံး နှစ်ပတ်လည်

၈-၈-၈၈ နေ့တွင် ကျဆုံးသွားခဲ့သော ရဟန်းရှင် လူ  ကျောင်းသား ပြည်သူအပေါင်းတို့အား
ဦးညွတ် ဂုဏ်ပြု အပ်ပါသည်
                                                            
                                                            
ရောင်စုံခြယ်သန်း
မြတ်သောပန်းတို့
မပွင့် မလန်း
မနွမ်းခင်မှာ ကြွေခဲ့ရ
၈လေးလုံးနေ့ကိုတို့မေ့မရ ။





 

အမေရိကန်ကြွေးမြီ ပမာဏသတ်မှတ်ရေး အောက်လွှတ်တော်အတည်ပြု

အမေရိကန်ကြွေးမြီ ပမာဏသတ်မှတ်ရေး အောက်လွှတ်တော်အတည်ပြု

နိုင်ငံတကာ ၀င်ဆန့်ဖို့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရမည်

နိုင်ငံတကာ ၀င်ဆန့်ဖို့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရမည်

Friday, July 29, 2011

ဒေါ်အောင်ဆန်းစုကြည် ၃ ရက်တရားစခန်းဝင်

ဒေါ်အောင်ဆန်းစုကြည် ၃ ရက်တရားစခန်းဝင်

တိုင်းရင်းသားပါတီတွေ ငြိမ်းချမ်းရေးအတွက် ဒေါ်စုနဲ့အတူကြိုးပမ်းဖို့ မူအားဖြင့်သဘောတူ

တိုင်းရင်းသားပါတီတွေ ငြိမ်းချမ်းရေးအတွက် ဒေါ်စုနဲ့အတူကြိုးပမ်းဖို့ မူအားဖြင့်သဘောတူ

ကျော်မဲပစ်ခတ်မှု လူ ၃ ဦးသေဆုံး

E-mail Print
ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့အ၀င် အခွန်ကောက်ခံသည့် ဂိတ်တွင် ယနေ့နံနက် ၅ နာရီခန့်က အမည်မသိ သေနတ်သမားများ ၀င်ရောက် ပစ်ခတ်မူကြောင့် လူ ၃ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရသွားသည်။

News_Bomb_blast_t_13_July_2011_Yan_Pai
ကျောက်မဲမြို့ အဝင် မုခ်ဦး (ဓာတ်ပုံ - kyaukme)
လက်နက်ကိုင်ဆောင်ထားသည့် လူ ၁၀ ဦးခန့်က ထိုသို့ ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဆိုင်ကယ် ကယ်ရီသမားတဦး၊ ကောက်ညင်းပေါင်းသည် အမျိုးသမီးတဦးနှင့် ကလေးတဦး ပွဲချင်းပြီး သေဆုံးသွားကြောင်း၊ ဆိုင်ကယ်ဖြင့် ဈေးရောင်းသူ အမျိုးသမီးတဦးက ၀မ်းဗိုက်တွင် သေနတ်ထိမှန်သည့် ဒဏ်ရာ၊ ကလေးတဦးက ခြေထောက်တွင် ဒဏ်ရာနှင့် တခြားတဦးလည်း ဒဏ်ရာရသွားကြောင်း ကျောက်မဲမြို့ခံတဦးက ပြောသည်။

“ပစ်တဲ့သူတွေက အရပ်သားမှန်း သိလျက်နဲ့ ပစ်တာ။ ဈေးသည်တွေ၊ အရပ်ဝတ်တွေနဲ့။ အရင်စစ်တပ်ကစောင့်တဲ့ ဘန်ကာမှာ ဆိုင်ကယ် ကယ်ရီသမားက ၀င်အိပ်နေတာကို ပစ်သွားတာ။ တဖောင်းဖောင်းနဲ့ တွေ့တဲ့လူ ပစ်နေတာ” ဟု ဧရာဝတီသို့ ပြောသည်။

ဝမ်းဗိုက်တွင် ဒဏ်ရာရသူ အမျိုးသမီးမှာ ဒဏ်ရာပြင်းထန်ပြီး ကျောက်မဲဆေးရုံရှိ ဆရာဝန်များက ကုသပေးနေကြောင်း၊ အသတ်ခံရသည့် ရုပ်အလောင်းများကို ခွဲစိတ်ခြင်းမပြုရသေး၍ မနက်ဖြန်မှသာ သင်္ဂြိုလ်နိုင်မည်ဖြစ်သည်ဟု အဆိုပါ မြိုခံက ပြောသည်။

တချိန်တည်းမှာပင် ကျောက်မဲမြို့ နောင်အမ်းကျေးရွာတွင် တပ်စွဲထားသည့် တပ်မတော်မှ တပ်စုတစုနှင့် ရှမ်းပြည်မြောက်ပိုင်း တပ်မတော် (SSA-N) တပ်များ တိုက်ပွဲဖြစ်ရာ စစ်သား ၅ ဦး ဒဏ်ရာရသွားသောကြောင့် မေမြို့ စစ်ဆေးရုံသို့ ပို့ဆောင်လိုက်သည်ဟုလည်း အဆိုပါ မြို့ခံက ပြောသည်။

ယခုပစ်ခတ်မှုနှင့် ပတ်သက်၍ ကျောက်မဲရဲစခန်းကို ဆက်သွယ်မေးမြန်းရာ တာဝန်ကျအရာရှိ ဒုရဲအုပ် ကိုကိုလွင်က ဖြေဆိုခြင်း မရှိဘဲ ဖုန်းချသွားသည်။

ယခုပစ်ခတ်မှုနှင့် ပတ်သက်၍ ဧရာဝတီက ဆက်သွယ် မေးမြန်းခဲ့ရာ ရှမ်းပြည်တပ်မတော် တောင်ပိုင်းရော မြောက်ပိုင်းကပါ ယင်းတို့နှင့် သက်ဆိုင်ခြင်း မရှိကြောင်း ငြင်းဆိုထားသည်။

ပြီးခဲ့သည့် ရက်ပိုင်းက SSA- N တပ်ဖွဲများ စိမ့်ဝင်လှုပ်ရှားနေကြောင်း စစ်ဘက်မှ ပြောဆိုမှုများ ရှိနေသည်ဟု မြို့ခံများက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၂ ရက်နေ့ကလည်း  ကျောက်မဲမြို့အ၀င် အခွန်ကောက်ခံသည့် ဂိတ်အနီးတွင် ည ၉ နာရီခန့်က  ဗုံးတလုံးပေါက်ကွဲပြီး အရပ်သား ၄ ဦး ဒဏ်ရာရရှိသွားသေးသည်။

ကျောက်မဲမြို့သည် စစ်ဆင်ရေးကွပ်ကဲမှု စစ်ဌာနချုပ် (စကခ) ၁ အခြေစိုက်ရာ မြို့ဖြစ်ပြီး ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSA-N) ဌာနချုပ် အခြေစိုက်ခဲ့ဖူးသည့် စိန်ကျော့ဒေသနှင့် နီးသည်။

ခုံရုံးကြောင့် NLD အာနှင့် လွဲခဲ့ရသည်ဟု ကော်မရှင်ပြော

E-mail Print
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော်လည်း စစ်ခေါင်းဆောင်များကို နိုင်ငံတကာ နျူရင်ဘတ် ခုံရုံးတင်ကာ အရေးယူရန် ပြောဆိုခဲ့သဖြင့် အာဏာ အလွှဲမခံရခြင်း ဖြစ်သည်ဟု နေပြည်တော်အစိုးရ၏ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌသစ် ဦးတင်အေးက ပြောဆိုလိုက်သည်။

3809-KyiMaung
ဒေါ်အောင်ဆန်းစုကြည် နှင့် ဦးကြည်မောင်ကို ၁၉၉၅ ခုနှစ်က တွေ့ရပုံ။ “နျူရင်ဘတ်လို ခုံရုံးမျိုး မလိုပါ” ဟူသော ဦးကြည်မောင်၏ ပြောဆိုချက်ကို အာဏာပိုင်တို့က ခြိမ်းခြောက်မှုတခုအဖြစ် သဘောထားခဲ့ကြသည်။ (ဓာတ်ပုံ - Nic Dunlop)
ဗုဒ္ဓဟူးနေ့က နေပြည်တော်တွင် ရွေးကောက်ပွဲ ကော်မရှင် နှင့် နိုင်ငံရေးပါတီ ၃၇ ခု၏ ခေါင်းဆောင်များ တွေ့ဆုံစဉ် ဒု-ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးက ထိုသို့ ပြောလိုက်ခြင်း ဖြစ်သည်။

“သူတို့ အာဏာလွှဲမပေးခဲ့တာ အဲဒါကြောင့် လို့ ကော်မရှင် ဥက္ကဋ္ဌက မိန့်ခွန်းမှာ ထည့်ပြောတာ” ဟု အစည်းအဝေးတက်ရောက်ခဲ့သူ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးသုဝေက ဧရာဝတီကို ပြောပြသည်။

နျူရင်ဘတ် ခုံရုံး ဟူသော အသုံးအနှုန်းကို ၁၉၉၀ ရွေးကောက်ပွဲကာလ NLD ကို ခေါင်းဆောင်ခဲ့သူ တဦး ဖြစ်သည့် ဦးကြည်မောင်က သုံးစွဲခဲ့ခြင်း ဖြစ်သည်။

ထိုစဉ်က ဟောင်ကောင် အခြေစိုက် Asiaweek မဂ္ဂဇင်းမှ နိုင်ငံခြား သတင်းထောက်တဦး၏ “စစ်တပ်က စစ်ရာဇ၀တ်မှုတွေ ကျူးလွန်ခဲ့တာတွေကို NLD က တရားစွဲဖို့ လိုအပ်သလား” ဟူသော မေးမြန်းချက်ကို ဦးကြည်မောင်က “တို့ မြန်မာပြည်မှာ နျူရင်ဘတ်လို ခုံရုံးမျိုး မလိုပါဘူးကွာ” (“Here in Burma We do not need any Nuremberg-style tribunal”) ဟု ပြန်လည်ပြောဆိုခဲ့သည်။ ထိုအကြောင်း ၁၉၉၀ ဇူလိုင်လက Asiaweek တွင် ဖော်ပြခဲ့သည်။

နောက်ပိုင်းတွင် စစ်ထောက်လှမ်းရေး ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်ကလည်း သတင်းစာရှင်းလင်းပွဲတခု ပြုလုပ်စဉ် ဦးကြည်မောင်၏ ပြောဆိုချက်ကို မှားယွင်းကိုးကားခဲ့သည်ဟု ဦးသုဝေက ထောက်ပြသည်။

“အဲဒီတုန်းက ဦးကြည်မောင် ပြောတာလည်း အဲဒီလို မဟုတ်ဘဲနဲ့ ဗိုလ်ချုပ်ခင်ညွန့်က သတင်းစာ ရှင်းလင်းပွဲမှာ ဦးကြည်မောင်က အဲဒီလို ပြောခဲ့တယ်ဆိုပြီး အဓိက ပြောခဲ့တာ။ မဟုတ်မှ မဟုတ်တာ” ဟု ဦးသုဝေက ဆိုသည်။

ဦးကြည်မောင်သည် ၂၀၀၄ ခုနှစ်က ကွယ်လွန်ခဲ့သည်။

သူ၏ ပြောဆိုချက်တွင် ပါဝင်သော နျူရင်ဘတ်သည် ဒုတိယ ကမ္ဘာစစ်ကာလ အတွင်း  စစ်ရာဇ၀တ်မှုများ ကျူးလွန်ခဲ့သော ဂျာမန်တို့ကို အပြစ်ပေး အရေးယူသည့် နိုင်ငံတကာ ခုံရုံးတခု ဖြစ်သည်။

မြန်မာဗိုလ်ချုပ်ကြီးများက ဦးကြည်မောင်၏ပြောဆိုချက်ကို နားလည်မှုလွဲခြင်း ဖြစ်သည်ဟု လက်ရှိ NLD ခေါင်းဆောင်များက ဆိုသည်။

“ကျနော်တို့ NLD မှာ အဲဒီလို သဘောထား လုံးဝ မရှိဘူး” ဟု NLD ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်က ဧရာဝတီကို ရှင်းပြသည်။

NLD ခေါင်းဆောင်တဦးဖြစ်သူ ရှေ့နေ ဦးဥာဏ်ဝင်းကလည်း “NLD ဟာ ဒီလိုမျိုး သဘောထား မရှိခဲ့ဘူး။ ဦးကြည်မောင်ကလည်း အဲဒီလို ပြောခဲ့တာ မဟုတ်ဘူး” ဟု ဆိုသည်။

မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်၍ ကုလသမဂ္ဂ၏ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းရေးကို NLD က ထောက်ခံကြောင်း၊ ထိုကော်မရှင်သည် ခုံရုံး မဟုတ်ကြောင်း၊ အချက်အလက် ပြည့်စုံအောင် စုံစမ်းမည့် အဖွဲ့သာ ဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။

သို့သော်လည်း လူ့အခွင့်အရေး ချိုးဖောက်သူများဖြစ်သည်ဟု နှစ်ပေါင်းများစွာ ဝေဖန်ခံခဲ့ရသည့် ဗိုလ်ချုပ်ကြီးများက နိုင်ငံတကာခုံရုံးနှင့် ပတ်သက်ပြီး လိုလားခြင်း မရှိကြောင်း ထင်ထင်ရှားရှား ပြသခဲ့ပြီး ဖြစ်သည်။

၁၉၉၀ ပြည့်နှစ်က  ဦးကြည်မောင်၏ “နျူရင်ဘတ်လို ခုံရုံးမျိုး မလိုပါ” ဟူသော ပြောဆိုချက်အပြီးတွင် အာဏာပိုင်တို့က သူ့ကို ထိန်းသိမ်းလိုက်သည်။

ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ကလည်း ဒု-ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးက နေပြည်တော်တွင် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံစဉ် ၎င်းတို့၏ စိုးရိမ်မှုနှင့် ပတ်သက်ပြီး ထပ်မံ ပြောကြားလိုက်ပြန်သည်။

ထိုစိုးရိမ်ချက်ကြောင့် ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ပါတီ NLD ကို စစ်တပ်က အာဏာမလွှဲရခြင်း ဖြစ်ကြောင်း အရပ်သား အစိုးရ ထိပ်တန်း ခေါင်းဆောင်ပိုင်းက ပထမဆုံး အကြိမ် တရားဝင် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ဦးတင်အေးက ဆက်လက်ပြောသည်မှာ တပ်မတော်အစိုးရက လွတ်လပ်ပြီး တရားမျှတစွာ ကျင်းပပေးခဲ့သည့် ၁၉၉၀ ရွေးကောက်ပွဲတွင် NLD အနိုင်ရခဲ့သည်ဟူ၍ ဖြစ်သည်။

အာဏာကို ဆက်လက် ချုပ်ကိုင်ခဲ့သည့် ဗိုလ်ချုပ်ကြီးတို့က ထိုရွေးကောက်ပွဲ အနိုင်ရ  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များကို အမျိုးသားညီလာခံ (၁၉၉၃-၂၀၀၇) သို့ တက်စေပြီး အခြေခံဥပဒေ ရေးဆွဲရန် စီစဉ်ခဲ့သည်။

ပြီးခဲ့သည့်နှစ်က ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းကြောင်း အာဏာပိုင်တို့က ကြေညာပြီး ရွေးကောက်ပွဲတခုကို ထပ်မံကျင်းပခဲ့သည်။

မန္တလေး​ မူး​ယစ်ရဲအုပ်က ငွေ​ပေး​ပြီး​ လူသတ်ခိုင်း

မန္တလေး မူးယစ်ရဲအုပ်က ငွေပေးပြီး လူသတ်ခိုင်း
by ရွှေအောင်
မန္တ
လေးမြို့ ၈၈ လမ်း ၂၃ လမ်းနဲ့ ၂၄ လမ်းကြား သီရိမာလာ ရပ်ကွက်ရုံးရှေမှာ ဇူလိုင် ၁၉ ရက်နေည ၆ နာရီခွဲလောက် က အမျိုးသမီးတဦးကို အမျိုးသားတဦးက ဓားနဲထိုးသတ်ခဲ့ပါတယ်။ အမျိုးသမီးရဲ့ အော်သံကြောင့် ရပ်ကွက်က ဝိုင်းဝန်းဖမ်းမ်းမိခဲ့ပြီး အဲ့ဒီလူရဲ့ ထွက်ဆိုချက်အရ မန္တလေးမြို့ မြောက်ပိုင်းခရိုင် မူးယစ်အထူးရဲတပ်ဖွဲက ရဲအုပ် သန်းစိုးက ငွေ ဆယ်သိန်းပေး သတ်ခိုင်းတာ ဖြစ်ကြောင်း ဖြောင့်ချက်ပေးတယ်လိုမျက်မြင်တဦးက ပြောပြပါတယ်။
အသတ်ခံရတဲ့ အမျိုးသမီးဟာ ရဲအုပ်သန်းစိုးရဲ့ မယားပြိင်ဖြစ်ပြီး မန္တလေးမှာ ကွာရှင်းစရိတ် လာတောင်းတုန်း အခုလိုအ သတ်ခံရတာ ဖြစ်ကြောင်း မျက်မြင်က ပြောပါတယ်။
သူ့ကလေးနဲအဲဒီကောင်မလေးကို ပိုက်ဆံမထောက်လိုအဲဒီကောင်မလေးက ဗန်းမော်ကနေ မန္တလေးကို လာပြီး အဲဒီ မူးယစ်အရာရှိ စိုးသန်း ဆီမှာ ပိုက်ဆံတောင်းတဲ့အခါမှာ စိုးသန်းက မပေးဘဲနဲ့ ကျောက်သပိတ်ဘက်က လူသတ်သမားကို ငှားပြီး သတ်လိုက်တယ်။ အဲဒီ ကောင်မလေးလည်း ဓားနဲထိုးသတ်တာ သေသွားတယ်။ ထိုးသတ်လိုက်တဲ့ တရားခံကိုမိပြီး စစ်လိက်တော့ မန္တလေး မြောက်ပိုင်းခရိုင် အထူးမူးယစ် ရဲအုပ် စိုးသန်းက ၁၀ သိန်းပေးပြီး သတ်ခိုင်းတယ်လို့ အစစ်ခံတယ်။ တရားသူကြီးတွေ ဘာတွေနဲ့ ဖြောင့်ချက် ယူတဲ့အခါမှာ အဲဒီအတိုင်း ပြောတဲ့အတွက် အမှတ် ၅ ရဲစခန်းမှာ အဲဒီ စိုးသန်းကို ဖမ်းထားတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တာဝန်ရှိသူ အမှတ် ၅ ရဲစခန်းကို ဆက်သွယ်မေးကြည့်တော့ တာဝန်မှူးက စစ်ဆေးဖော်ထုတ်ဆဲဖြစ် တာကိုသာ ဖြေဆိုပြီးသေးစိတ်မဖြေပါဘူး
ကျနော်တို့က အခုက ဘာမှန်းမသိသေးဘူး။ စစ်ဆေးတုန်းပဲ ရှိသေးတဲ့အတွက် ကျနော်တိုက အတည်ပြလိုမရသေးဘူးခင်ဗျ။
သူ့ကို ဘာနဲဖမ်းထားတယ် ဆိုတာရော ပြောလိုမရဘူးလား ဆရာ။
အဲဒါတော့ တိုင်းကိုလှမ်းပြောလိုက်နော် တိုင်းလှမ်းမေးလိုက်။
ရဲနဲနီးစပ်သူတွေအဆိုအရ အသတ်ခံရသူအမျိုးသမီးဟာ အရင်က ရဲမေတဦး ဖြစ်ပြီး ရဲအုပ်သန်းစိုးနဲကိုယ်ဝန်ရှိတာကြောင့် ရဲတပ်ဖွဲက ထုတ်ပယ်ခံထားရတာလိုလည်း ပြောပါတယ်။ ရဲအုပ်သန်းစိုးဟာ ဘားအံ မူးယစ်တပ်ဖွဲကနေ မန္တလေးမှာ တာဝန်ကျတာ သုံးနှစ်လောက်ရှိပြီဖြစ်ပြီး ဒီအမျိုးသမီးနဲ့ မန္တလေးမှာပဲ တွေ့ခဲ့ကြတာလိုဆိုပါတယ်။
ကွာရှင်းစရိတ်အဖြစ် အမျိုးသမီးက သိန်း၂၀၀ တောင်းပြီး ရဲအုပ်သန်းစိုးက သိန်း ၅၀ ပေးဖိုညှိရာမှာ အဆင်မပြေဖြစ်လို့ အခုလို လူငှားသတ်ခိုင်းလိုက်တာလိုလည်း ဆိုပါတယ်။ ဒီအချက်အလက်တွေကို အတည်ပြနိုင်ဖို့ မန္တလေးတိုင်း ရဲတပ်ဖွဲကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် မရပါဘူး။

သမ္မတဟောင်း မူဘာရက်ကို နောက်အပတ် ရုံးတင်မည်

သမ္မတဟောင်း မူဘာရက်ကို နောက်အပတ် ရုံးတင်မည်

Thursday, July 28, 2011

လာဘ်စားမှုဖြင့်သင်္ကာမကင်းခံရသူ ထိပ်တန်းစစ်ဗိုလ်ချုပ်(၅)ဦး ကိုစစ်ဆေး

E-mail Print
လာဘ်ပေးလာဘ်ယူနှင့် အာဏာအလွဲသုံးစားမှုများ ပြုလုပ်ခဲ့သည် ဆိုသော ထိပ်တန်းစစ်ဗိုလ်ချုပ် ၅ ဦးကို ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က စုံစမ်းခေါ်ယူ စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိသည်။

General-Min-Aung-Hlaing-Mar-30-11
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် (ဓာတ်ပုံ - Getty Images)
အဆိုပါ ၅ ဦးမှာ လက်ရှိ စစ်တပ်တွင် တပ်မတော်စစ်ရေး အရာရှိချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသော ဗိုလ်ချုပ်ကျော်ဖြိုး (DSA – ၂၂)၊ မြန်မာ့ စီးပွားရေးဦးပိုင် လီမိတက် ဥက္ကဋ္ဌနှင့် စစ်ရေးချုပ် ဗိုလ်ချုပ်ခင်ဇော်ဦး (OTS-၅၆)၊ ကစထမှူး ဗိုလ်ချုပ်မြင့်စိုး (OTS-၆၀)၊ တြိဂံဒေသ တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထွန်းဦး (DSA-၂၄)၊ ကမ်းရိုးတန်း တိုင်းမှူး ဗိုလ်မှူးချုပ် ခင်မောင်ဌေး (OTS-၆၃) တို့ ပါဝင်ကြောင်း စစ်ဘက်အသိုင်းအ၀န်းမှ သတင်းရရှိသည်။

“ဗိုလ်ချုပ်ကျော်ဖြိုးဆိုရင် အရင်တြိဂံဒေသ တိုင်းမှူးလုပ်ခဲ့တယ်။ လက်ရှိတိုင်းမှူးရော၊ အရင်တိုင်းမှူးရော ခေါ်အစစ်ခံရတာ။ ဗိုလ်ချုပ်မြင့်စိုး ဆိုရင်လည်း အရင်တုန်းက စစ်ကိုင်းတိုင်း တိုင်းမှူးလုပ်တုန်းက မုံရွာဘက်က မြေကွက်တွေ ရောင်းစားခဲ့ တာတွေ ရှိတယ်။ အဲဒါတွေ အခု စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးသာအေး (ဒုတိယဗိုလ်ချုပ်ကြီးဟောင်း) က သမ္မတ ဦးသိန်းစိန်ဆီ တိုင်တယ်။ ကမ်းရိုးတန်းတိုင်းမှူး လုပ်ခဲ့တဲ့ ဗိုလ်ချုပ်ခင်ဇော်ဦးနဲ့ လက်ရှိတိုင်းမှူးရော အဲဒီလို အတိုင်ခံရတာလို့ ကြားတယ်” ဟု နေပြည်တော် စစ်ဘက်အသိုင်းအ၀န်းနှင့် နီးစပ်သူတဦးက ပြောသည်။

လက်ရှိခေါ်ယူ စစ်ဆေးခံနေရသူများအား ပြစ်မှုကျူးလွန်မှု ရှိ၊ မရှိစစ်ဆေးခြင်းသာဖြစ်ပြီး လက်ရှိရာထူး တာဝန်များကို ဆက်လက် ထမ်းဆောင်နေရဆဲ ဖြစ်ကြောင်း သိရသည်။

“အတိုင်ခံရတာဆိုပေမယ့် လက်ဆုပ်လက်ကိုင် သက်သေနဲ့တကွ အပြစ်ကျူးလွန်ခဲ့တာ မပြနိုင်ရင်တော့ ရာထူးက အနားပေး ခံရတာတို့၊ နုတ်ထွက်ခိုင်းတာတို့ ဖြစ်မှာမဟုတ်ဘူး။ သက်သေမပြနိုင်ရင်တော့ သတိပေးတဲ့အဆင့်နဲ့ပဲ ပြီးသွားမယ်” ဟု အဆိုပါနီးစပ်သူက ဆိုသည်။

ယခုလအတွင်း ရာထူးမှ အနားပေးခြင်း ခံလိုက်ရသော ဗိုလ်ချုပ်တင်ငွေသည် မန္တလေးမြို့ရှိ သိန်းထောင်သောင်းချီ တန်သော မြေကွက် အရောင်းအ၀ယ်များ ပြုလုပ်ခဲ့ပြီး လက်ရှိမန္တလေးတိုင်း ၀န်ကြီးချုပ် ဦးရဲမြင့် (ဒုတိယဗိုလ်ချုပ်ကြီးဟောင်း) က သမ္မတနှင့် ကာကွယ်ရေးဦးစီးချုပ်ထံ တိုက်ရိုက်တိုင်ကြားခဲ့ကြောင်း၊ ယင်းနောက် သက်သေ သာဓကနှင့်တကွ အာဏာ အလွဲသုံးစားပြု မြေကွက်ရောင်းစားခဲ့သည်ကို စစ်ဆေးတွေ့ရှိရသည့်အတွက် ရာထူးမှ အနားပေးခံလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်း တိုင်းမှူးဗိုလ်မှူးချုပ် ထွန်းသန်းသည်လည်း ဇွန်လတွင် ရာထူးမှ အနားပေးခံလိုက်ရပြီး အစိုးရသစ်တက်ပြီး ပထမဦးဆုံး ရာထူးမှ အနားပေးခြင်းခံလိုက်ရသော ထိပ်တန်း စစ်တပ် အဆင့်မြင့်အရာရှိ တဦးဖြစ်ခဲ့သည်။

နေပြည်တော် စစ်ဘက်အသိုင်းအ၀န်းနှင့် နီးစပ်သူတချို့က ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် လက်ရှိ တပ်မတော်တွင် အရေးကြီးသော ထိပ်တန်းတာဝန်များ ထမ်းဆောင်နေသည့် စစ်အရာရှိများကို ဖြုတ်ပယ်ပြီးနောက် သူနှင့်နီးစပ်သူ စစ်အရာရှိများကို အရေးကြီးသော ရာထူးတာဝန်များ ခန့်အပ် အစားထိုးမှု ပြုလုပ်လာနိုင်သည်ဟု သုံးသပ်ကြ သည်။

“ကာကွယ်ရေး ဦးစီးချုပ်ဖြစ်လာပြီ ဆိုတာနဲ့ ဦးစီးချုပ်က သူယုံကြည်တဲ့၊ စိတ်ချရတဲ့ သူတွေကို ဆွဲတင်ချင်တော့ ရှေ့မှာ ရှိနေတဲ့သူတွေကို လာဘ်ပေးလာဘ်ယူ အကြောင်းပြပြီး ဖြုတ်ထုတ်တာတွေ လုပ်တယ်။ သူ့အာဏာ တည်ဆောက်တာပေါ့။ ဒါက တပ်မတော်မှာ အစဉ်အလာလို ဖြစ်နေပြီ”ဟု နေပြည်တော် စစ်တပ်အသိုင်းအဝန်းနှင့် နီးစပ်သူတဦးက ဆိုသည်။

ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် တပ်တွင်း အခြေအနေများ၊ ရာထူးအပြောင်းအလဲ လုပ်မှုများနှင့် ပတ်သက်ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ တိုက်ရိုက်တင်ပြ၍ ညွှန်ကြားမှုခံယူသည်ဟု စစ်ဘက်သတင်းရပ်ကွက်များ၏ အဆိုအရ သိရသည်။

ကိုမူးဆာ ပြောဆိုချက် သြစတြေးလျ ကရင်အမျိုးသားအဖွဲ့ ငြင်းဆို

ကိုမူးဆာ ပြောဆိုချက် သြစတြေးလျ ကရင်အမျိုးသားအဖွဲ့ ငြင်းဆို

အမျိုးသား ရင်ကြားစေ့ရေးအတွက် ဒေါ်အောင်ဆန်းစုကြည် အိတ်ဖွင့်ပေးစာပို့

အမျိုးသား ရင်ကြားစေ့ရေးအတွက် ဒေါ်အောင်ဆန်းစုကြည် အိတ်ဖွင့်ပေးစာပို