Friday, January 27, 2012

သတိထားစရာ တခုပါ

ဖုန်းနှစ်လုံးနဲ့ ဥတစ်လုံး ( အရေးကြီးပါတယ် )

အခုပြောမယ့်အကြောင်းအရာလေးကို ပေါ့ပေါ့ဆဆမတွေးပဲ သေချာ တွေးစေချင်ပါတယ် ။ ပြီးရင် ကိုယ်နဲ့ နီးစပ်ရာတွေကိုလည်း ပြန်လည်ဖြန့်ဝေပေးစေချင်ပါတယ် ။ အရင်ဆုံး စမ်းသပ်ချက်လေး တစ်ခုကို ပြော ဖို့လိုပါ တယ် ။ စမ်းသပ်ချက်ပြုလုပ်ဖို့အတွက် သင့်ဆီမှာ မိုဘိုင်းဖုန်း ၂ လုံးနဲ့ ကြက်ဥ သို့မဟုတ် ဘဲဥ တစ်လုံးရှိရပါမယ် ။



ပုံမှာပြထားတဲ့အတိုင်း ဖုန်းနှစ်လုံးအလယ်မှာ ဥ ကိုထားပြီး နေရာချထားလိုက်ပြီး ကျွန်တော်တို့ ဘာတွေ ဆက်ဖြစ် သလဲဆိုတာ လေ့လာကြည့်ကြရအောင် ။

ကဲ နေရာချထားပြီးပြီဆိုရင်တော့ ဖုန်းနှစ်လုံးကို ဆက်သွယ်မှု ( Call ) ကို စတင်လိုက်ပါ ပြီးရင် ၆၅ မိနစ်အထိ ထားပါ မယ် ။ ပထမဆုံး ၁၅ မိနစ်မှာတော့ ဘာမှမဖြစ်သေးပါဘူး ။ ၂၅ မိနစ်လောက်ကြာပြီးတဲ့အခါမှာတော့ ဥ ဟာ ပူစ ပြုလာပါပြီ ။



ဝိုးးးးးးးး ၄၅ မိနစ်လောက်ရှိလာပြီဖြစ်တဲ့အခါ ဥ ဟာ အရမ်းကို ပူလာပါပြီ ။ သင်ဟာ ၆၅ မိနစ်အထိ ထားမယ် ဆို ရင်တော့ ဥဟာ စားသုံးလို့ရအောင်ကို ကျက်သွားပြီဖြစ်ပါတယ် ။

ကဲ သင်ဘာတွေ မြင်လိုက်ရသလဲ သင်ဘာတွေတွေးမိလိုက်ပါသလဲ ။ မိုဘိုင်းဖုန်းတွေရဲ့ radiation အသံ လှိုင်းတွေက အချိန်အမှတ်တစ်ခုရောက်ပြီဆိုရင် ဥထဲက ပရိုတိန်း တွေကို ကျက်သွားစေနိုင်ပါတယ် ။ ကဲ ဒါဆိုရင် ပရို တိန်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သင့်ဦးနှောက်ကို ကပ်ပြီး ၄၅ မိနစ်ကျော်ကျော်လောက်ဖုန်းပြောရင် ဘာတွေ ဖြစ်နိုင်ပါသလဲ ။

အလွန်ကို အန္တရာယ်များပါတယ် ။ Nerve လို့ခေါ်တဲ့ အာရုံကြောတွေ ပျက်ဆီးနိုင်သလို မှတ်ဥာဏ်ပိုင်းဆိုရင်ရာ စနစ်တွေ ဟာလည်း radiation တွေကြောင့် ထိခိုက်နိုင်ပါတယ် ။ ဒါ့အပြင် ဒီမိုဘိုင်းဖုန်းတွေကထုတ်တဲ့ အသံ လှိုင်းတွေဟာ လိပ်ပြာတွေကို သေစေနိုင်ပါသတဲ့ ။ ကဲ ကျွန်တော်တို့အားလုံး ဖုန်းပြောမှု ကြာချိန် ကို လျော့ ချကြရအောင်လား ။ တတ်နိုင်သမျှ လိုအပ်သလောက်ပဲပြောဆိုကြပါစို့ ။ ဒီ မက်ဆေ့လေးကိုလည်း သင် ချစ်သော သူငယ်ချင်း နဲ့ ညီအကို မောင်နှမများကို ဝေမျှပေးလိုက်ပါ ။

သက်တန့်ချို
5/1/2012

အမွှာပူးမွေးခဲ့တဲ့ အသက်၇၀အရွယ်အဖွားအို

အမွှာပူးမွေးခဲ့တဲ့ အသက်၇၀အရွယ်အဖွားအို



အသက် ၇၀ အရွယ်မှာ အမွှာပူးမွေးခဲ့တဲ့အဖွားအိုနာမည်ကတော့ Omkari Panwar ဖြစ်ပါတယ် ။ တကယ်တော့ သားတစ်ယောက်တည်းရဖို့သာ ရည်ရွယ်ခဲ့တာပါ ။ အသက် ၇၀ အရွယ်မှာ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ ထင်ထား တဲ့ သတ်မှတ်ထားတဲ့ ကိုယ်ဝန်ဟာ အဖွားအိုကို အမွှာပူးမွေးစေခဲ့ပါတယ် ။ သူမ ရဲ့ အမျိုးသားကတော့ အသက် ၇၇ နှစ် အရွယ်ရှိပြီဖြစ်တဲ့ ဘိုးဘိုး Charan Singh Panwar ဖြစ်ပါတယ် ။ သားယောင်္ကျားလေးမထွန်းကား တဲ့ သူတို့ဆီ မှာ ဒီအဖွားအို အရွယ်နဲ့ IVF treatment ပေးဖို့ လယ်သမား အဖိုးဘိုဟာ ကျွဲနွားတွေရောင်းခဲ့ရတယ် ။ သူ့လယ်တွေ ကိုပေါင်ပြီး သူ့ဇနီးအသက်ရှင်ရေးနဲ့ ချောချော မွေ့မွေ့ဖြစ်စေရေးသုံးစွဲခဲ့ရတယ် ။ သူတို့ဟာ အကြွေး ကဒ်တွေကိုလည်း ချေးငှားသုံးစွဲခဲ့ရပါသေးတယ် ။



အားလုံး အဆင်သင့်ဖြစ်တဲ့အခါ Mrs Panwar ဟာ ယောင်္ကျားလေးတစ်ယောက်မိန်းကလေးတစ်ယောက်ကို New Delhi မှ ၇ နာရီလောက်ကားမောင်းသွားရတဲ့ Muzaffarnagar မှ ဆေးရုံမှာ အရေးပေါ် ဗိုက်ခွဲ ကလေးမွေးခြင်း Emergency Caesarean section ပြုလုပ်ခဲ့ပါတယ် ။



ကလေးလေး နှစ်ယောက်မှာ တစ်ယောက်စီဟာ ၂ ပေါင်စီရှိပြီး ဆရာဝန်တွေပြောဆိုချက်အရတော့ ကျန်း မာရေးကောင်း မွန်တယ်လို့ သိရပါတယ် ။ Panwar မှာ အရွယ်ရောက်နေပြီဖြစ်တဲ့ သမီးနှစ်ယောက် ရှိပြီး မြေး ငါးယောက်ရှိပါတယ် ။



ဒါဆို သူတို့ ဒီအသက်အရွယ်ကြီးမှ ဘာကိုစောင့်ဆိုင်းနေကြပါသလဲ သားတစ်ယောက်ရရှိဖို့ပါတဲ့ ။ အိန္ဒိယမှာ သတို့သမီးက သတို့သားကို မင်္ဂလာဆောင်ရင်ပစ္စည်း ဥစ္စာပေးသွင်းရတဲ့ စနစ် Dowry ဆိုတာ ရှိပါတယ် ။ အကယ် ၍များ သူတို့သားတစ်ယောက်လောက်များ ထွန်းကားခဲ့ရင် သတို့သမီး ဖက်က ပေးမယ့် ငွေကြေးနဲ့ သူတို့ လယ်ကလေးမြေကလေးကို ပြန်လည်ပိုင်ဆိုင်ခွင့်ရဖို့ အတွက်ပါတဲ့ ။



Mrs Panwar က ` ကိုယ်ဝန် ၈ လလောက်မှာ အတော်ကသီလင်တနိုင်ပြီး နာလည်းနာလာပါတယ် ဒါပေမယ့် ဒီထက် စောစော မွေးလိုက်ရင်လည်း ဘာတွေဖြစ်မယ်ဆိုတာသိပါတယ် တခါတရံကျတော့ လည်း ကောင်းတဲ့အ ရာတစ်ခုခုကို မျှော်လင့်ထားရင် နာကျင်မှုကို ရင်ဆိုင်ရဲရမယ်မဟုတ်လား ´ လို့ပြောဆိုခဲ့ပါတယ် ။

သက်တန့်ချို