Friday, December 30, 2011

FIRE FIGHTER

ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြို့နယ် ကူတို့ဆိပ်ရပ်ကွက်က မီးလောင်ပေါက်ကွဲမှု
နှင့်ပတ်သက်ပြီးမီးသတ်ဝန်ထမ်းဟောင်းတဦး၏အမြင်-
သတင်း
ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ကူတို့ဆိပ်ရပ်ကွက်အနီးရှိ ဆိပ်ကမ်းအာဏာပိုင်နှင့် စီးပွားကူးသန်းဝန်ကြီးဌာန ပိုင် ဂိုဒေါင်ဝင်းများအတွင်း မီးလောင်မှု ဖြစ်ပွားခဲ့သည်။
၂၉-၁၂-၂၀၁၁ နံနက် (၁း၃၀)ခန့်တွင် ဂိုဒေါင်အမှတ်(၇၉)မှ စတင် လောင်ကျွမ်းခဲ့ပြီး ယင်းနှင့်ကပ်လျက် ဂိုဒေါင်အမှတ် (၈၀) သို့ ဆက်လက်ကူးလောင်ကာ ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့သည်။ ပေါက်ကွဲမှုဖြစ်ပွားရခြင်းမှာ ဂိုဒေါင်အမှတ် (၈၀) တွင် သိုလှောင်ထားသော ဘယာဆေးပစ္စည်းများတွင် ယမ်းစိမ်း၊ ဇ၀က်သာ၊ ကန့်၊ ဒုတ္တာ၊ ကျောက်ချဉ် စသော ပေါက်ကွဲမှုဖြစ် ပေါ်စေနိုင်သည့် ပစ္စည်းများ ပါဝင်နေသောကြောင့် ဖြစ်သည်။(၁း၄၅) ခန့်တွင် မီးသတ်ကားများ ရောက်ရှိလာပြီး ရေဖြန်း မီးငြိမ်းလျက်ရှိရာ (၂း၀၀) ခန့်တွင် ပေါက်ကွဲမှုဖြစ်ပွားပြီး စုစု ပေါင်း (၁၇) ဦးခန့် သေဆုံးကာ လူ (၅၀) ကျော် ဒါဏ်ရာ ရရှိသွားသည်။ သေဆုံးသူများအနက် မီးသတ်သမား (၄) ဦးမှာ ပွဲချင်းပြီး သေဆုံးပြီး ဒဏ်ရာရဦးများအနက် (၃၂) ဦးမှာ မီးသတ်သမားများ ဖြစ်သည်။ စုစုပေါင်း ဂိုဒေါင်အလုံး (၁၆) လုံးခန့် မီးလောင်ပျက်ဆီးသွားသည်။
ရန်ကုန်တိုင်း အရှေ့ပိုင်းခရိုင် မင်္ဂလာတောင်ညွှန့်မြို့နယ်၌ လူ ၂၀ ကျော် သေဆုံးခဲ့သော
နိုင်ငံပိုင် ဓါတုပစ္စည်း သိုလှောင်ရုံ မီးလောင်ပေါက်ကွဲမှုတွင် ဂိုဒေါင်အတွင်းရှိ ဓါတု ပစ္စည်းများ၏ အန္တရာယ်ကို သတိမမူမိသဖြင့် မီးသတ်တပ်ဖွဲ့ဝင် ၅ ဦး ကျဆုံးခဲ့ရသည်ဟု သက်ဆိုင်ရာ ဌာနများကပြောသည်။

မီးသတ်တပ်ဖွဲ့ဝင်များမှာ လောင်ကျွမ်းမှု အရှိန်မြင့်နေသည့်မီးကို အမြန်ငြိမ်းစေလိုဇောဖြင့် ငြှိမ်းသတ်နေကြစဉ် ဂိုဒေါင်အတွင်းရှိ မီးကူးလောင်နေသည့် ဓါတုပစ္စည်းများမှ ပေါက်ကွဲကာ အရပ်သား ၁၇ ဦးနှင့်အတူ မီးသတ် တပ်ဖွဲ့ဝင် ၅ ဦးပါ သေဆုံးခဲ့ရဟု ရန်ကုန်တိုင်း ဗဟိုမီးသတ်ဌာန အရာရှိတဦးက မဇ္ဈိမကို ပြောသည်။

“မီးလောင်တယ်ဆိုတော့ဗျာ အခြားဘက်တွေကို မကူးအောင်ဆိုပြီး မီးကိုပဲ အဓိကထားပြီး ငြိမ်းသတ်နေတဲ့ အချိန်မှာပဲ ဒီဓါတုပစ္စည်းတွေက ထပေါက်ကွဲတော့ အဲဒီမှာ ထိကုန်တာ။
မီးသတ်ဦးစီးဌာန၏ မီးလောင်မှု မဖြစ်ပွါးစေရေးကြိုတင်ကာကွယ်လုပ်ဆောင်ခြင်းနှင့် မီးလောင်မှုတခုတွင်လုပ်ဆောင်ရသည့်အဓိကတာဝန် များ-
မီးဘေးကြိုတင်ကာကွယ်တားဆီးရေး နှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်တားဆီးရေး စီမံချက်ဖြင့် မိမိမြို့နယ်အတွင်းစစ်ဆေးမှုများပြုလုပ်ခြင်း-
သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့မြို့နယ်ဦးစီးမှူး များသည် မိမိမြို့နယ်အတွင်းရှိ လူနေအဆောက်အဦးများ
အစိုးရရုံးဌာနများ ၊ အစိုးရပိုင်/ ပြည်သူပိုင်စက်ရုံအလုပ်ရုံ များ ၊သိုလှောင်ရုံများ ၊စားသောက်ဆိုင်များ၊
လောင်စာဆီသိုလှောင်ရောင်းချနေသည့် ဆိုင်များ/သိုလှောင်သည့်နေရာများ၊ လှေ /သင်္ဘော အစရှိသည်တို့တွင် လည်းသဘာဝဘေးအန္တရာယ်ကာကွယ်တားဆီးရေးအတွက် အသက်ကယ်အင်္ကျီ /လှေ/ ဘောကွင်းများ အစရှိသည်တို့ကိုစစ်ဆေးပြီး မှတ်တမ်းပြုစုခြင်း၊
မီးကိုစနစ်တကျသုံးစွဲစေရန်၊လျှပ်စစ်ဝါယာကြိုးများသွယ်န်းထားမှုစနစတကျရှိရေး၊  သင့်တော်သည့်
မီးငြိမ်းသတ်ရေးပစ္စည်းများထားရှိစေခြင်း ၊ ဓါတုဗေဒ ပစ္စည်းများအပါအ၀င် မီးလောင်ကျွမ်းစေနှိုင်သောလောင်စာများ သိုလှောင်ခြင်းများစနစ်တကျသိုလှောင်ရန် ၊ အကြံပေးခြင်း၊
အစရှိသောလုပ်ငန်းများ အပြင်၊ မိမိမြိုနယ်အတွင်း မီးသတ်ကားများဝင်ထွက်သွားလာနှိုင်သော
လမ်းများ၊ ရေရရှိနှိုင်သောနေရာများ ၊ အဓိကအရေးကြီးမီးငြိမ်းသတ်ရမည့်နေရာများ(ဥပမာ)
ဆေးရုံ /ဈေး /စာသင်ကျောင်းများ၊ အရေးတကြီးရွေ့ပြောင်းရမည့်လောင်စာများသိုလှောင်ထားသည့်
နေရာများ အစရှိသည်တို့ကို မိမိလက်အောက်ရှိတပ်ဖွဲ့ဝင်များနှင်အတူ တပတ်လျှင် နှစ်ကြိမ်
မြေပုံတိုက်ပွဲ(map fighting) လေ့ကျင့်ခဏ်းများပြုလုပ်ရပါသည်။
မီးလောင်မှုတခုဖြစ်ပွါးချိန်တွင်အဓိကဆောင်ရွက်ရမည့်တာဝန်များ-
မြို့နယ်မီးသတ်တာဝန်ခံများသည် မိမိမြို့နယ်အတွင်းမီးလောင်မှုတခုဖြစ်ပွါးပါက
သက်ဆိုင်ရာမီးငြိမ်းသတ်ရေးအုပ်စု ထံသတင်းပေးခြင်း ၊ မီးလောင်သည့်နေရာတွင်သက်ရှိလု /တိရိစ္ဆန်များ ရှိနေခြင်း ရှိ/ မရှိ စုံစမ်းပြီးအသက်ကယ်လုပ်ငန်းဆောင်ရွက်ခြင်း ၊အခြားသောမြို့နယ်များမှအကူရောက်ရှိလာသော မီးသတ်ကားများနေရာချထားရေး ၊
ရေရရှိနှိုင်သောနေရာများစီစဉ်ပေးခြင်း ၊
 မီးငြိမ်းသတ်ရာတွင် လေကြောင်းဆန့်ကျင် ပြီးစနစ်တကျငြိမ်းသတ် ရန်ညွှန်ကြားရန်
 မီးလောင်မှုဖြစ်ပွါးသည့်နေရာနှင့်ပတ်ဝန်းကျင်တွင်
လောင်စာ နှင့် လူကိုအန္တရာယ် ဖြစ်စေနှိုင်သောပစ္စည်းများသိုလှောင်ထားခြင်း /ရှိ မရှိ စုံစမ်းပြီးနေရာပြောင်းရွှေ့စေခြင်း များကို အဓိကဦးစားပေးဆောင်ရွက်ရပါသည်။
ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြို့နယ် ကူတို့ဆိပ်ရပ်ကွက်က မီးလောင်ပေါက်ကွဲမှု နှင့်ပတ်သက်ပြီး
၁။ သက်ဆိုင်ရမြို့နယ်မီးသတ်တပ်ဖွဲ့ မှူး သည် အထက်ပါကုန်ပစ္စည်းသိုလှောင်ရုံတွင် လူကိုအသက်
    အန္တရာယ်ရှိစေနှိုင်သောဓါတုဗေဒ ပစ္စည်းများသိုလှောင်ထားသည်ကို ကြိုတင်မသိရှိခဲ့ခြင်းလော…၊
၂။ သက်ဆိုင်ရာ ကုန်ပစ္စည်းသိုလှောင်ရုံ မှတာဝန်ရှိသူများ ကမီးသတ်ဦးစီးဌာန တာဝန်ရှိသူများထံ
    ကုန်ပစ္စည်းသိုလှောင်ခြင်းနှင့်ပတ်သက်ပြီး ကြိုတင်အကြောင်းကြား မှုမရှိခြင်း /
    မိးသတ်အာဏာပိုင်များ၏ စစ်ဆေး အကြံပေးချက်များ အား လိုက်နာဆောင်ရွက်မှုမရှိခြင်းလော..၊
မည်သို့ပင်ဆိုစေကာမူ-
အထက်ပါမီးလောင်ကျွမ်းမှုကြောင့် အသက်သေဆုံးခဲ့ ကြရသော သူများ ထိခိုက်ဒဏ်ရာရရှိခဲ့ကြသူများ နှင့်ပတ်သက်ပြီး မြို့နယ်မိးသတ်ဦးစီးဌာနမှူး ၊
ခရိုင်မီးသတ်ဦးစီးဌာနမှူးတို့ တွင်လုပ်ငန်းတာဝန်ဆောင်ရွက် ပေါ့လျှော့မှုဖြင့်တာဝန်ရှိသကဲ့သို့
သက်ဆိုင်ရာသိုလှောင်ရုံတာဝန်ရှိသူများ ကိုလည်းဥပဒေနှင့်အညီစစ်ဆေးအရေးယူ ခြင်း အပြင်
သေဆုံးခဲ့သူများနှင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများအတွက်သင့်လျှော်သောနစ်နာကြေးများ
ပေးလျှော်စေသင့်ပါသည် ။
မီးငြိမ်းသတ်ရာတွင် အသက်ကိုစွန်ပြီးဆောင်ရွက်ခဲ့ကြသောမီးသတ်တပ်ဖွဲ့ဝင်များကို
နိုင်ငံတော်မှလည်း ဆုတံဆိပ်များပေးအပ်ခြင်း ၊ထိုတ်ထိုတ်တန်တန်ဆုကြေးငွေများချီးမြှင့်ခြင်း၊
ကျန်ရစ်သောမိသားစုများ ကလေးငယ်များ၏အနာဂတ်အတွက် သင့်တင့်သောကူညီပေးမှုများ
လုပ်ဆောင်စေခြင်းဖြင့် မိးသတ်တပ်ဖွဲ့ဝင်များ၏ စွမ်းစွမ်းတမံဆောင်ရွက်မှုများကို ဂုဏ်ပြုသင့်ပါကြောင်း……။
 အပြစ်ရှိသူကို   အရေးယူ ခြင်းသည် ဥပဒေစိုးမိုးရေးနှင့် နောင်အလားတူဖြစ်ရပ်များတားဆီးရေး
အတွက် အကောင်းဆုံးဖြစ်စေသကဲ့သို့…၊
ချီးမြှောက် ဂုဏ်ပြုသင့်သူကို   ထိုတ်ထိုတ်တန်တန် ချီးမြှောက် ဂုဏ်ပြုခြင်းသည် လည်း မင်္ဂလာတရားတော်နှင့် အညီဖြစ်ပါကြောင်း ရေးသားခြင်းဖြင့် စွမ်းစွမ်းတမံစွန့်လွှတ်စွန့်စားခဲ့ကြသော
မီးသတ်တပ်ဖွဲ့ဝင်များအားလုံးကို ဂုဏ်ပြုလိုက်ပါသည်။

မီးသတ်ဝန်ထမ်းဟောင်းတဦး ( 30 Dec 2011)
001 407 272 2325