နိုင်ငံရေးအကျဉ်းသား
နိုင်ငံတော်ကောင်စီ ၁၉၈၀-က ထုတ်ပြန်ချက်အရ-
(က) မတရားအသင်း အက်ဥပဒေအရ ပြစ်မှုများ
(ခ) ပြစ်မှုဥပဒေ ပုဒ်မ-၁၂၁ မှ ၁၃၀(ခ) အထိပါ အစိုးရကိုဆန့်ကျင်သော ပြစ်မှုများ
(ဂ) ပြစ်မှုဥပဒေ အခန်း (၈) ပါ နိုင်ငံတော်ငြိမ်ဝပ်ရေးကို ပျက်စေသော ပြစ်မှုများနှင့်ပတ်သတ်၍ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၄၃၊ ၁၄၄၊ ၁၄၅၊ ၁၄၇၊ ၁၄၈၊ ၁၅၁၊ ၁၅၂၊ ၁၅၃၊ ၁၅၃(က) အရ ပြစ်မှုများ
(ဃ) ၁၉၅၀-ပြည့်နှစ် အရေးပေါ်စီမံမှု အက်ဥပဒေအရ ပြစ်မှုများ
ဥပမာ- ပုဒ်မ ၅(ည)
(င) နိုင်ငံတော်ကိုဦးဆောင်သော လမ်းစဉ်ပါတီအား ကာကွယ်သည့် ဥပဒေအရ ပြစ်မှုများ
(စ) နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရယ်မှ ကာကွယ်သည့် ဥပဒေအရ ပြစ်မှုများ
ပုဒ်မ ၁၀(က)၊ ၁၀(ခ) နှင့် (ဆ)
ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီအဆင့်ဆင့် ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေအရ ပြစ်မှုများ
(နိုင်ငံရေးပြစ်မှု) ဆိုသည့် စကားရပ်တွင် အကျုံးဝင်သည်။
ထောင်ထဲကို မတရား အမှုဆင်ဖမ်းဆီး ထားတဲ့အထက်ပါပုဒ္မ တွေနဲ့ အကျဉ်းသားတွေဟာ နိုင်ငံရေးအကျဉ်းသားတွေမဟုတ်ဘူးဆိုရင် ပြည်ထဲရေးဝန်ကြီးနဲ့ တရားသူကြီးချုပ်ဆိုသူတွေရဲ့ သမီးတွေ မယားတွေကို မုဒိန်းကျင့်ပြီးထောင်ကျနေကြတာလား ။
ရုပ်ဝတ္ထုပိုင်းဆိုင်ရာပြောင်းလဲလာမှုကြောင့် လူတို့၏ စိတ်ပိုင်းဆိုင်ရာနှင့် အတွေးအခေါ်ပိုင်းဆိုင်ရာများပါ ပြောင်းလဲလာလိမ့်မည်။
Monday, August 29, 2011
အရက်သမား ပထွေးက ပြောတယ်
အရက်သမား ပထွေးက ပြောတယ်
အလက်ဇန္ဒားဆိုးပေ (ခေတ္တ-ရွှေတြိဂံ)
အရက်သမား ပထွေးက ပြောတယ်
သူ အရက်ဖြတ်လိုက်ပါပြီ … တဲ့
သူ လူသစ်စိတ်သစ်ဖြစ်နေပါပြီ … တဲ့
ပြောနေရင်း …
(‘ဂေ့’ … ‘ဂေ့’ နဲ့ …)
လေချဉ်တွေ တက်နေတယ်။
အရက်သမား ပထွေးက ပြောပြန်တယ်
အိမ်ပေါ်က ဆင်းသွားကြတဲ့
အဝေးရောက် သားသမီးတွေ
ပြန်လာကြပါ … တဲ့၊
(သူ အရက်သောက်ဖို့အရေး
သူခိုးဈေးနဲ့ ရောင်းစားလို့
ဘာဆိုဘာမှမကျန်တော့တဲ့ …)
ပြိုလုဆဲ အိမ်အို၊ အိမ်ဟောင်းလောင်းကြီးကို
တို့တွေ ၀ိုင်းပြင်ကြရအောင် …တဲ့၊
စိတ်ဆိုးပြီး အိမ်ပေါ်က ဆင်းသွားခဲ့ကြတဲ့
မင်းတို့တတွေကို
အပြစ်မဆိုပါဘူး … တဲ့၊
နောင်တရ ကျွတ်တန်းဝင်တဲ့ လေသံနဲ့
စကားကြုံ ဖိတ်ခေါ်နေတယ်၊
(ဒါပေမယ့် …)
ပုဆိုးကွင်းသိုင်းမပျက်သေး
လက်ထဲမှာ မူးရင် ရမ်းကားနေကျ တုတ်က ရှိနေသေး …။
အဲသလို
၂၃ နှစ်စာ သံဝေဂတွေကို
တတွတ်တွတ် ရေရွတ်နေတဲ့
အာလေးလျှာလေး ပထွေးရဲ့ နံဘေးမှာတော့ …
အမေက
(မျက်လုံးတွေ ပိတ်မတတ် …)
မျက်နှာတွေ ဖူးရောင်နေဆဲ၊
အစ်ကို အစ်မ
ညီ ညီမတချို့က
မှောင်ကြီးမဲမဲ အိမ်ထောင့်ထဲမှာ
ပါးစပ်ကို အ၀တ်စည်းပြီး
ကြိုးတုပ်ခံနေကြရဆဲ၊
ခြံစည်းရိုးနားမှာ ဆော့ကစားနေတဲ့
ညီအစ်ကိုတွေကို
စိတ်မထင်ရင် မထင်သလို
ပုလင်းခွံနဲ့ လှမ်းလှမ်းပစ်နေဆဲ။
ဘာတွေကို ဘယ်လိုယုံကြည်ရမလဲတော့မသိ
အရက်သမား ပထွေးက ပြောနေတယ်
မင်းတို့ ပြန်လာကြပါ … တဲ့။ ။
အလက်ဇန္ဒားဆိုးပေ (ခေတ္တ-ရွှေတြိဂံ)
Thursday, August 25, 2011
သက်မွေးဝမ်းကြောင်း လိုင်စင်နှင့် ပညာ ပြန်လည်သင်နိုင်ရေး အတိုက်အခံများ ကြိုးစားမည်
ချင်းမိုင်(မဇ္ဈိမ) ။ ။ သမ္မတဦးသိန်းစိန် “သဘောကောင်းပုံရသည်” ဟုဆိုကာ အစိုးရ အဆက်ဆက် အတိုက်အခံ
နိုင်ငံရေး လှုပ်ရှားမှုတွင် ပတ်သက်ခဲ့၍ အသက်မွေးဝမ်းကျောင်း ရှေ့နေလိုင်စင် သိမ်းခံခဲ့ရသူများနှင့် ကျောင်းထုတ် ခံရသူများက ပြည်ထောင်စု တရားလွှတ်တ်ာချုပ်တွင် လိုင်စင်ပြန်ရရေးနှင့် ပညာ ပြန်လည်သင်ကြားခွင့်ရရေး ခွင့်ပြုရန် လျှောက်ထားဖို့ ပြင်ဆင်နေကြသည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦးက ပြောသည်။
“လိုင်စင်သိမ်းလိုက်တဲ့ အတွက် အခုအချိန်မှာ ပြန်ရဖို့ အတွက် ကျနော်တို့က ဒါကို စီစဉ်တာပါ။ သမ္မတ ဦးသိန်းစိန်ရဲ့ သဘောထား ကောင်းပုံရတယ်လို့ တွက်ပြီးတော့ ဒီအခွင့်အရေးကောင်းလေးကို ယူပြီးတော့၊ မနေ့က မစ္စတာ ကွင်တားနား လာတဲ့အခါလည်း ပြောပြတယ်”ဟု ကိုယ်တိုင်ပင် ရှေ့နေလိုင်စင် သက်တမ်းတိုးခွင့် ပိတ်ခံထားရသူ ဦးတင်ဦးက ပြောသည်။
ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် သောမတ် အိုဂျေ ကွင်တားနားနှင့် ဒေါ်အောင်ဆန်းစုကြည် တို့ တွေ့ဆုံဆွေးနွေးရာတွင် အသက်မွေးဝမ်းကျောင်း ဆိုင်ရာ လိုင်စင်များ ပြန်ရရေးကိစ္စ ထည့်သွင်း ဆွေးနွေး (ဓါတ်ပုံ မဇ္ဈိမ)
အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အကြံပေးချက်ဖြင့် နိုင်ငံရေး ပတ်သက်သော ရှေ့နေများ သာမက ဆရာဝန်၊ ကျောင်းဆရာ၊ တက္ကသိုလ်တက်ခွင့် မရသူများ၊ ကျောင်းထုတ်ခံရသည့် ကျောင်းသားများ၊ အနုပညာသမား၊ စာနယ်ဇင်းသမားများ၏ လိုင်စင်များကိုပါ ပြန်လည် ရရှိရေးအတွက် NLD ဗဟို ဥပဒေ အထောက်အကူပြု အဖွဲ့က ဦးဆောင်ပြီး တောင်းဆိုသွားမည် ဖြစ်သည်။
“ဒီတခါတင်ရင် ချောချောမောမောနဲ့ အောင်မြင်ကောင်းရဲ့လို့ မျော်လင့်ချက်နဲ့ လုပ်တဲ့ အစီအစဉ်ပါ။” ဟု NLD ၏ ဗဟိုဥပဒေအထောက်အကူပြုအဖွဲ့၏ ဥက္ကဋ္ဌလည်းဖြစ်သူ ဦးတင်ဦးက ပြောသည်။
မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် သောမတ် အိုဂျေ ကွင်တားနားနှင့်
ဒေါ်အောင်ဆန်းစုကြည်တို့ ဗုဒ္ဓဟူးနေ့က ရန်ကုန်မြို့တွင် တွေ့ဆုံဆွေးနွေးရာ အတိုက်အခံများ၏ အသက်မွေးဝမ်းကျောင်း ဆိုင်ရာ လိုင်စင်များ ပြန်ရရေးကိစ္စ ထည့်သွင်း ဆွေးနွေးခဲ့ကြသည်။
အစောပိုင်းက သက်မွေးဝမ်းကျောင်း လိုင်စင် ရုပ်သိမ်းခံရသူ ရှေ့နေများသာ လျှောက်လဲရန် စီစဉ်ထားသော်လည်း ယနေ့တွင် အဖွဲ့တွင်း ပြန်လည် ဆွေးနွေးပြီးနောက် အခြား အသက်မွေးဝမ်းကျောင်းများနှင့် ပညာတပိုင်းတစ
ဖြစ်သူများ အတွက်ပါ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရန် စီစဉ်ခဲ့သည်။ ယင်းအပြင် သတင်းစာ ရှင်းလင်းပွဲ တရပ်ကိုလည်း လာမည့် လဆန်းပိုင်းတွင် ပြုလုပ်မည်ဟု ဗဟိုဥပဒေ အထောက်အကူပြု အဖွဲ့ဝင် ဦးအောင်သိန်းက
ပြောသည်။
“ကျနော်တို့ဘက်က အစိုးရသစ် လက်ထက်မှာ ဒါတွေကို အလေးထား စဉ်းစားပေးသင့်တယ်ဆိုတဲ့ အကြောင်း အချင်းအရာနဲ့ (ရင်) ဆိုင်တာပါ” ဟု ဦးအောင်သိန်းက မဇ္စျိမကို ပြောသည်။
ဦးအောင်သိန်း ကိုယ်တိုင်ပင် ယခင် အစိုးရလက်ထက်တွင် နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများ၏ အမှုကို လိုက်လံ
ဆောင်ရွက်ပေးခဲ့ရာမှ တရားရုံးကို မထီမဲ့မြင်ပြုမှုဖြင့် ထောင်ဒဏ် ၄ နှစ်ခံခဲ့ရပြီး ၂ဝဝ၉ ခုနှစ်မတ်လ ၆ ရက်နေ့က လွတ်မြောက်လာပြီးနောက် ရှေ့နေလိုင်စင်ကိုပါ ရုပ်သိမ်း ခံရနေရသည်။
၁၉၈၈ ခုနှစ်နောက်ပိုင်း NLD အဖွဲ့ဝင်များအနက် ရှေ့နေလိုင်စင် အသိမ်းခံထားရသူများကို စာရင်းကောက်ယူရာ လတ်တလော စာရင်းအရ အနည်းဆုံး ၂၄ ဦးရှိသွားပြီ ဖြစ်သည်။
ဗုဒ္ဓဟူးနေ့တွင် ပြည်သူ့လွှတ်တော် အမတ်ဦးသိန်းညွန့်ကလည်း ၁၉၂၆ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် တရားရုံးများကို မထေမဲ့မြင်ပြုသည့် ဥပဒေကို ဖျက်သိမ်းရန် အဆိုကို တင်သွင်းခဲ့ရာ ကြာသာပတေးနေ့ ပြည်သူ့လွတ်တော် အစည်းအဝေးတွင် ပယ်ချလိုက်သည်။
ဒီပဲယင်း လုပ်ကြံမှု ကုလသမဂ္ဂ သို့တင်မည်
လင်းသန့် Thursday, 25 August 2011 19:17
ဒီပဲယင်းဒေသတွင် ဒေါ်အောင်ဆန်းစုကြည် အကြမ်းဖက်တိုက်ခိုက်ခံရမှု၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) တရားဝင် ဆက်လက် ရပ်တည်ရေး စသည့် အကြောင်းအရာများ ပါဝင်သော ကုလသမဂ္ဂသို့ ပေးပို့မည့် အစီရင်ခံစာကို အင်္ဂါနေ့က ကုလသမဂ္ဂ လူ့အခွင့်အရေး အရာရှိ မစ္စတာ သောမတ် အိုဟေး ကင်တားနားကို တင်ပြလိုက်သည်ဟု သိရသည်။
“အစီရင်ခံစာကို မစ္စတာကင်တားနားကို ပြတယ်။ ပါတီရပ်တည်ရေး အပါအ၀င် ကိစ္စတွေကိုပါ။ သူက ဥပဒေပညာရှင် မဟုတ်တော့ ကျွမ်းကျင်တဲ့ ဥပဒေပညာရှင်တယောက်နဲ့ ကျနော်တို့နဲ့ ညှိနှိုင်း လုပ်ဆောင်နိုင်ဘို့ အမြန်ဆုံး မြန်မာနိုင်ငံကို စေလွှတ်ဖို့ စီစဉ်မယ်လို့ ပြောပါတယ်” ဟု NLD ခေါင်းဆောင်တဦးဖြစ်သူ ဦးဉာဏ်ဝင်းက ပြောသည်။
၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်၏ မော်တော်ယာဉ်တန်းကို စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် တုတ်၊ ဓား၊ လက်နက်ကိုင် ဆောင်သူများ၏ တိုက်ခိုက်မှုကြောင့် ပါတီဝင် တချို့ သေဆုံးခဲ့ရသည့်အမှုကို အာဏာပိုင်တို့က အရေးယူ ဆောင်ရွက်ခြင်း မပြုသေးပေ။
NLD ပါတီ ဥပဒေ အကြံပေး အဖွဲ့က ရေးသားပြုစုထားသည့် ထိုအစီရင်ခံစာကို အကြမ်းဖက်မှုဖြစ်ပွားပြီး ၈ နှစ်အကြာတွင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီသို့ တင်ပြရန် စီစဉ်နေခြင်း ဖြစ်သည်။
မြန်မာပြည်တွင် ရောက်နေသော ကုလ လူ့အခွင့်အရေး အထူးစုံးစမ်းစစ်ဆေးရေးမှူး မစ္စတာကင်တားနားသည် ယမန်နေ့က NLD ခေါင်းဆောင်များကို တွေ့ဆုံခဲ့သည်။
“မနေ့ကတော့ မစ္စတာ ကင်တားနားက နေပြည်တော်မှာလူ့အခွင့်အရေးသင်တန်းပေးခဲ့တာတို့၊ မြန်မာနိုင်ငံလူ့အခွင့် အရေး အခြေအနေ တိုးတက်လာဖို့ အစိုးရရဲ့ တာဝန်ရှိသူတွေကို ပြောခဲ့တာတို့ နေပြည်တော် အတွေ့အကြုံကို ရှင်းပြတယ်။ ကျနော်တို့ဘက်ကလည်း လူ့အခွင့်အရေး လုပ်ငန်းတွေနဲ့ ပတ်သက်တာတွေ လုပ်ဆောင်နေတာတွေကို ရှင်းပြတယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။
ကုလသမဂ္ဂ လူ့အခွင့်အရေး အရာရှိသည် မြန်မာပြည်တွင် ရှိနေစဉ် အစိုးရ ထိပ်ပိုင်းခေါင်းဆောင်များနှင့်သာမက ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး လှုပ်ရှားသူများနှင့်လည်း တွေ့ဆုံခဲ့သည်။
ယနေ့ နေ့လယ်ပိုင်းတွင် မစ္စတာ ကင်တားနားသည် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် တဦးဖြစ်သူ ကိုမြတ်သူအပါအ၀င် နိုင်ငံရေးအကျဉ်းသားဟောင်းများဖြစ်ကြသည့် ဒေါက်တာနေ၀င်း၊ ကိုဇေယျာသော်၊ ကိုအောင်ကျော်ဆန်း စသည်တို့နှင့်လည်း နာရီဝက်ခန့် တွေ့ဆုံခဲ့သည်။
“ကျနော်တို့ကတော့ နိုင်ငံရေးအကျဉ်းသား အမြန်ဆုံး လွှတ်ပေးရေးကိစ္စ အဓိက ဆွေးနွေး တင်ပြဖြစ်တယ်။ အနိမ့်ဆုံး အဆင့်အနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေကို မိသားစုနဲ့ အနီးဆုံးထောင်တွေကို ပြန်ပြောင်းရွှေ့ပေးရေးနဲ့ အကျဉ်းကျနေတဲ့ မိသားစု ၁ ခု ထဲက သူတွေကို တစုတစည်းတည်း ပြန်ထားရေးလည်း တင်ပြဆွေးနွေးတယ်” ဟု ကိုမြတ်သူက ဧရာဝတီကို ပြောသည်။
မစ္စတာကင်တားနားက ဂရုတစိုက် နားထောင်ပြီး နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးအတွက် ကုလ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းကလည်း တိုက်တွန်းပြောဆိုထားကြောင်း၊ မစ္စတာကင်တားနား ကိုယ်တိုင်လည်း အစွမ်းကုန် ကြိုးစားနေကြောင်း ပြန်လည် ဆွေးနွေးခဲ့သည်ဟု ဆိုသည်။
ဇိုမီးအမျိုးသားကွန်ကရက် ခေါင်းဆောင် တဦး ဖြစ်သည့် ဦးပူကျင့်ရှင်းထန်က ၁၉၉၀ ရွေးကောက်ပွဲ ၀င်ခဲ့သော နိုင်ငံရေးပါတီ ၈ ခု၏ မေတ္တာရပ်ခံစာကို ဒေါ်အောင်ဆန်းစုကြည်မှ တဆင့် မစ္စတာ ကင်တားနားကို ပေးအပ်ခဲ့ကြောင်း ဧရာဝတီကို ပြောသည်။
“တိုင်းပြည်မှာလတ်တလော အရေးတကြီး လိုအပ်နေသည့် နိုင်ငံရေးအကျဉ်းသားများ အားလုံး လွတ်မြောက်ရေးနဲ့ တိုင်းရင်းသားဒေသတွေမှာ စစ်ပွဲတွေ ဖြစ်နေတော့ အမြန်ဆုံး ပြည်တွင်း ငြိမ်းချမ်းရေး ရဖို့ အတွက် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ပို အားစိုက် ကူညီဆောင်ရွက်ပေးဖို့ပါ” ဟု ဦးပူကျင့်ရှင်းထန်က ပြောသည်။
ယမန်နေ့က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က မစ္စတာ ကင်တားနားသည် မြန်မာနိုင်ငံလူ့အခွင့်အရေးနှင့် ပတ်သက်ပြီး စေတနာ ထက်သန်စွာ ဆောင်ရွက်နေသကဲ့သို့ လူ့အခွင့်အရေးကိစ္စများနှင့် ပတ်သက်၍ ကျွမ်းကျင်နှံ့စပ်သူ ဖြစ်သည်ဟု ပြောကြားခဲ့သည်။
ယနေ့ ညနေပိုင်းတွင် မြန်မာနိုင်ငံ ၅ ရက် ခရီးစဉ် ပြီးဆုံး၍ ပြန်လည် ထွက်ခွာတော့မည့် မစ္စတာ ကင်တားနားက ခရီးစဉ် အတွင်း လူ့အခွင့်အရေးအခြေအနေ လေ့လာခဲ့မှုများနှင့် ပတ်သက်၍ ရန်ကုန်လေဆိပ်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည် ဖြစ်သည်။
ဗုဒ္ဓဟူးနေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလသမဂ္ဂ လူ့အခွင့်အရေး အရာရှိ မစ္စတာကင်တားနားတို့ ဆွေးနွေးပွဲအပြီး သတင်းထောက်များနှင့် တွေ့ဆုံခဲ့သည် (ဓာတ်ပုံ - ဧရာဝတီ)
၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်၏ မော်တော်ယာဉ်တန်းကို စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် တုတ်၊ ဓား၊ လက်နက်ကိုင် ဆောင်သူများ၏ တိုက်ခိုက်မှုကြောင့် ပါတီဝင် တချို့ သေဆုံးခဲ့ရသည့်အမှုကို အာဏာပိုင်တို့က အရေးယူ ဆောင်ရွက်ခြင်း မပြုသေးပေ။
NLD ပါတီ ဥပဒေ အကြံပေး အဖွဲ့က ရေးသားပြုစုထားသည့် ထိုအစီရင်ခံစာကို အကြမ်းဖက်မှုဖြစ်ပွားပြီး ၈ နှစ်အကြာတွင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီသို့ တင်ပြရန် စီစဉ်နေခြင်း ဖြစ်သည်။
မြန်မာပြည်တွင် ရောက်နေသော ကုလ လူ့အခွင့်အရေး အထူးစုံးစမ်းစစ်ဆေးရေးမှူး မစ္စတာကင်တားနားသည် ယမန်နေ့က NLD ခေါင်းဆောင်များကို တွေ့ဆုံခဲ့သည်။
“မနေ့ကတော့ မစ္စတာ ကင်တားနားက နေပြည်တော်မှာလူ့အခွင့်အရေးသင်တန်းပေးခဲ့တာတို့၊ မြန်မာနိုင်ငံလူ့အခွင့် အရေး အခြေအနေ တိုးတက်လာဖို့ အစိုးရရဲ့ တာဝန်ရှိသူတွေကို ပြောခဲ့တာတို့ နေပြည်တော် အတွေ့အကြုံကို ရှင်းပြတယ်။ ကျနော်တို့ဘက်ကလည်း လူ့အခွင့်အရေး လုပ်ငန်းတွေနဲ့ ပတ်သက်တာတွေ လုပ်ဆောင်နေတာတွေကို ရှင်းပြတယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။
ကုလသမဂ္ဂ လူ့အခွင့်အရေး အရာရှိသည် မြန်မာပြည်တွင် ရှိနေစဉ် အစိုးရ ထိပ်ပိုင်းခေါင်းဆောင်များနှင့်သာမက ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး လှုပ်ရှားသူများနှင့်လည်း တွေ့ဆုံခဲ့သည်။
ယနေ့ နေ့လယ်ပိုင်းတွင် မစ္စတာ ကင်တားနားသည် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် တဦးဖြစ်သူ ကိုမြတ်သူအပါအ၀င် နိုင်ငံရေးအကျဉ်းသားဟောင်းများဖြစ်ကြသည့် ဒေါက်တာနေ၀င်း၊ ကိုဇေယျာသော်၊ ကိုအောင်ကျော်ဆန်း စသည်တို့နှင့်လည်း နာရီဝက်ခန့် တွေ့ဆုံခဲ့သည်။
“ကျနော်တို့ကတော့ နိုင်ငံရေးအကျဉ်းသား အမြန်ဆုံး လွှတ်ပေးရေးကိစ္စ အဓိက ဆွေးနွေး တင်ပြဖြစ်တယ်။ အနိမ့်ဆုံး အဆင့်အနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေကို မိသားစုနဲ့ အနီးဆုံးထောင်တွေကို ပြန်ပြောင်းရွှေ့ပေးရေးနဲ့ အကျဉ်းကျနေတဲ့ မိသားစု ၁ ခု ထဲက သူတွေကို တစုတစည်းတည်း ပြန်ထားရေးလည်း တင်ပြဆွေးနွေးတယ်” ဟု ကိုမြတ်သူက ဧရာဝတီကို ပြောသည်။
မစ္စတာကင်တားနားက ဂရုတစိုက် နားထောင်ပြီး နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးအတွက် ကုလ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းကလည်း တိုက်တွန်းပြောဆိုထားကြောင်း၊ မစ္စတာကင်တားနား ကိုယ်တိုင်လည်း အစွမ်းကုန် ကြိုးစားနေကြောင်း ပြန်လည် ဆွေးနွေးခဲ့သည်ဟု ဆိုသည်။
ဇိုမီးအမျိုးသားကွန်ကရက် ခေါင်းဆောင် တဦး ဖြစ်သည့် ဦးပူကျင့်ရှင်းထန်က ၁၉၉၀ ရွေးကောက်ပွဲ ၀င်ခဲ့သော နိုင်ငံရေးပါတီ ၈ ခု၏ မေတ္တာရပ်ခံစာကို ဒေါ်အောင်ဆန်းစုကြည်မှ တဆင့် မစ္စတာ ကင်တားနားကို ပေးအပ်ခဲ့ကြောင်း ဧရာဝတီကို ပြောသည်။
“တိုင်းပြည်မှာလတ်တလော အရေးတကြီး လိုအပ်နေသည့် နိုင်ငံရေးအကျဉ်းသားများ အားလုံး လွတ်မြောက်ရေးနဲ့ တိုင်းရင်းသားဒေသတွေမှာ စစ်ပွဲတွေ ဖြစ်နေတော့ အမြန်ဆုံး ပြည်တွင်း ငြိမ်းချမ်းရေး ရဖို့ အတွက် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ပို အားစိုက် ကူညီဆောင်ရွက်ပေးဖို့ပါ” ဟု ဦးပူကျင့်ရှင်းထန်က ပြောသည်။
ယမန်နေ့က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က မစ္စတာ ကင်တားနားသည် မြန်မာနိုင်ငံလူ့အခွင့်အရေးနှင့် ပတ်သက်ပြီး စေတနာ ထက်သန်စွာ ဆောင်ရွက်နေသကဲ့သို့ လူ့အခွင့်အရေးကိစ္စများနှင့် ပတ်သက်၍ ကျွမ်းကျင်နှံ့စပ်သူ ဖြစ်သည်ဟု ပြောကြားခဲ့သည်။
ယနေ့ ညနေပိုင်းတွင် မြန်မာနိုင်ငံ ၅ ရက် ခရီးစဉ် ပြီးဆုံး၍ ပြန်လည် ထွက်ခွာတော့မည့် မစ္စတာ ကင်တားနားက ခရီးစဉ် အတွင်း လူ့အခွင့်အရေးအခြေအနေ လေ့လာခဲ့မှုများနှင့် ပတ်သက်၍ ရန်ကုန်လေဆိပ်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည် ဖြစ်သည်။
Wednesday, August 24, 2011
နိုင်ငံတော် သမ္မတ ဒေါ်အောင်ဆန်းစုကြည်
ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ခေါင်းစဉ်ကြောင့် ဂျာနယ် သတိပေးခံရ
ချင်းမိုင် (မဇ္ဈိမ) ။ ။ ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သော လူအများ အာရုံစိုက်သည့် မျက်နှာဖုံး သတင်း
ခေါင်းစဉ်ကြောင့် ပြန်ကြားရေးဝန်ကြီးဌာန စာပေစိစစ်ရေးမှ သစ္စာဂျာနယ်ကို ခေါ်ယူ သတိပေးခဲ့သည်ဟု စာပေစိစစ်ရေး ဌာန အရာရှိတဦးက ပြောသည်။
“နိုင်ငံတော်သမ္မတ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ” ဟူသည့် သတင်းခေါင်းစဉ်ဖြင့် သြဂုတ်လ ၂၁ ရက်နေ့တွင်
ဖြန့်ချိသည့် သစ္စာဂျာနယ် မျက်နှာဖုံးတွင် ပါရှိခဲ့သည်။
“မြန်မာစာက အထားအသိုလွဲရင် အဓိပ္ပာယ် ပြောင်းသွားတာ ဖြစ်နိုင်တယ်လေ။ ဒါနဲ့ ပတ်သက်ပြီး သူတို့ကို
ခေါ်သတိပေးတာပါပဲ။ အရေးယူတာမျိုး မလုပ်ပါဘူး” ဟု အမည်မဖော်လိုသော စိစစ်ရေး အရာထမ်းက
ပြောသည်။ စာပေစိစစ်ရေးဌာနက မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းချက်ကို ဖြေကြားခြင်းမှာလည်း ပထမဆုံး
ဖြစ်သည်။
လူအများ အာရုံစိုက်သည့် မျက်နှာဖုံး သတင်း ခေါင်းစဉ်ကြောင့် သစ္စာဂျာနယ်ကို ပြန်ကြားရေးဝန်ကြီးဌာန စာပေစိစစ်ရေးမှ ခေါ်ယူ သတိပေး
စေရန် ထွင်ရေးခြင်းမျိုး မဟုတ်ပဲ သတင်းခေါင်းစဉ်ကို တိုတိုကျစ်ကျစ်နှင့် စာဖတ် ပရိသတ် သိမှတ်လွယ်စေရန် အတိုချုံ့ ရေးသားခဲ့ခြင်းသာ ဖြစ်သည်ဟု အယ်ဒီတာချုပ် ဦးမျိုးညွန့်မောင် က ပြောသည်။
“ သတင်းခေါင်းစဉ်ကို တိုတိုကျစ်ကျစ် ဖြစ်အောင် လုပ်ထားတဲ့ သဘောပါပဲ၊ အဓိကကတော့ ပုံကိုပဲ အားယူထား တာပါ။ ခေါင်းစဉ်ကလည်း ရှည်ရင် ကျပ်သွားမှာ စိုးလို့လေ” ဟု ဦးမျိုးညွန့်မောင် က
မဇ္ဈိမကို ပြောသည်။
သစ္စာဂျာနယ်က စာပေစိစစ်ရေးသို့ မူကြမ်းတင်စဉ်နှင့် ပုံနှိပ် ထုတ်ဝေရာတွင် ကွဲလွဲမှု အချို့ ရှိခဲ့သည်ကိုလည်း သတိပေး ပြောဆိုလိုက်သည်ဟုလည်း အထက်ပါ
စိစစ်ရေး အမှုထမ်း က ပြောသည်။
သစ္စာသတင်း ခေါ် True News ဂျာနယ်သည် သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီးနောက် “ဂျာနယ် တာဝန်
ယူရန်” ဟု သတ်မှတ်ထားသည့် သတင်းကို ဖော်ပြမှုဖြင့် စာပေစိစစ်ရေး၏ ပထမဆုံးအကြိမ် ပိတ်ပင်မှု ခံခဲ့ရသည်။
ယင်းအပြင်၂ဝဝ၈ ခုနှစ်ကလည်း ထိုင်းနိုင်ငံ၌ မြန်မာကလေး လုပ်သားတဦး အလုပ်လုပ်နေသည့် ဓါတ်ပုံအား
ဖေါ်ပြခဲ့သဖြင့် ၂ လ ပိတ်ပင်ခံခဲ့ရ ထုတ်ဝေခွင့် နှစ်ပတ် ပိတ်ပင်ခံခဲ့ရဖူးသည်။
ယခင်က ပြည်တွင်း ဂျာနယ်များတွင် ဒေါ်အောင်ဆန်းစုကြည်၏ ပုံများအား ဖေါ်ပြခွင့် ကန့်သတ်ချက်များ ရှိသော်
လည်း သြဂုတ်လ ၁၉ ရက်နေ့ နောက်ပိုင်းတွင် သမ္မတနှင့် တွေ့ဆုံသည့် ပုံများ အပါအဝင် ဒေါ်အောင်ဆန်းစုကြည်
၏ ဓါတ်ပုံနှင့် သတင်းများအပေါ် ကန့်သတ်ချက်ကို လျော့ချပေးခဲ့သည်။
ယင်းသို့ ဖေါ်ပြခွင့် ပြုခဲ့ခြင်းသည် မီဒီယာ ခေတ်ရေစီးကြောင်းအရ လမ်းဖွင့်ပေးရခြင်း ဖြစ်သည်ဟု စိစစ်ရေး တာဝန်ရှိသူက ပြောသည်။
“ကျနော်တို့ သွားနေတာကလည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ အညီ စာပေ လွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး ပြုပြင်
ပြောင်းလဲ လာတာပဲ။ တဘက်ကလည်း စာပေခေတ်ရေစီးကြောင်း အရလည်း ဖွင့်ပေးလာရတာပဲ” ဟု သူက
ပြောသည်။
အစိုးရသစ် သမ္မတဦးသိန်းစိန် ၏ ပထမဆုံး မိန့်ခွန်းတွင် စတုတ္ထမဏ္ဍိုင်ဖြစ်သည့် စာနယ်ဇင်းများ၏ အခန်းကဏ္ဍကို အလေးထားဖို့ လိုအပ်ကြောင်းနှင့် စာနယ်ဇင်းများမှတဆင့် ပြည်သူများ သိသင့်အချက်များကို အသိပေးသွားဖို့ လိုသလို ထိုစာနယ်ဇင်းများ၏ အပြုသဘောဆောင် အကြံပြုချက်များကိုလည်း အလေးထားဖို့ လိုအပ်ကြောင်း
ပြောဆိုထားသည်။
မီဒီယာ လွတ်လပ်ခွင့်ကို ရှေးရှုသည့် ခြေလှမ်းတရပ် အနေဖြင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက သတင်းမီဒီယာများ၏ ဝေဖန်အကြံပြုမှုကို ခံယူသွားမှာဖြစ်ကြောင်း သြဂုတ်လ ၂၂ ရက်နေ့ ပြန်လည် စတင်သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော်၏ ဒုတိယ ပုံမှန် အစည်း အဝေးတွင် ပြောသွားသည်။ ထိုနေ့ လွှတ်တော် အစည်းအဝေးများတွင် သတင်းမီဒီယာများကို ပထမဆုံး အကြိမ် အဖြစ် စတင် သတင်းယူခွင့်ပြုခဲ့သည်။
Saturday, August 20, 2011
ချက်အရက်
ချက်အရက်
မောင်ငြိမ်းအေး
မြန်မာ့ရုပ်မြင်သံကြားက
သမ္မတတံဆိပ် ပြန်လာကြပါ အရက်ကြော်ငြာ
အရက်မကြိုက်ပေမယ့် ...
တံဆိပ်က နည်းနည်းကောင်းနေတာမို့
အစမ်းသဘော မော့ကြည့်လိုက်ပြီးတဲ့အခါ
အိမ်ပြန်ချင်စိတ်တွေကို တဝေါ့ဝေါ့ ထိုးအန်ချလိုက်တော့တယ်။
အန်ဖတ်တွေက မနည်းလှဘူး
အဲဒီအန်ဖတ်တွေထဲမှာ
ရွှေရောင်တဝင်းဝင်းနဲ့ သပ္ပာယ်စရာ ရွှေတိဂုံဘုရားကြီး ပါတယ်။
၈၈ တုန်းက
အရဲရင့်ဆုံး ရင်ဘတ်နဲ့
အယုတ်မာဆုံး လှံစွပ်
တခန်းရပ်ပြဇာတ်ကို
မသက်မသာ ထိုင်ကြည့်နေခဲ့ရရှာတဲ့
မြို့တော်ခန်းမကြီး ပါတယ်။
အစင်းလိုက် ပျောက်ပျောက်နေတတ်ပြီး
ပေါ်လာပြန်တော့လည်း
အမှန်တရားလို အမြဲတမ်းနောက်ကျ
ကြမ်းပိုးတွေကိုလည်း သွေးလှူရလေတဲ့
မြို့ပတ်ရထားတွေ ပါတယ်။
မစင်တွေ အတုံးလိုက်စီးမျောနေတတ်တဲ့ မြောင်းနံဘေး
သူရေးခဲ့တာလေးတွေကို ကိုယ်ဖတ်
ကိုယ်ဖန်တီးခဲ့တာလေးတွေကို သူဝေဖန်
လေထန်ကုန်းလက်ဖက်ရည်ဆိုင်လေး ပါတယ်။
စာမျက်နှာတွေပေါ်မှာတော့
(အချို့ပုဂ္ဂိုလ်ရေးဆဲစာတွေ ပါပေမယ့်)
အတွေးအခေါ်အယူအဆတွေ စစ်ခင်း
မျက်နှာချင်းဆိုင်မှာတော့ ချစ်ခြင်းတွေက ပွင့်လန်း
လွယ်အိတ်နွမ်းနွမ်း ... ငွေခန်းခန်း
လဲနေသူကိုကျတော့ လက်ကမ်းဖို့ ဝန်မလေးကြတဲ့
စာရေးဆရာ၊ ကဗျာဆရာ၊ ကာတွန်းဆရာ၊ အယ်ဒီတာတွေ ပါတယ်။
နာဂစ်ရဲ့ မုဒိန်းကျင့်မှုကို
ဖီးနစ်ငှက်တကောင်လို တုံ့ပြန်
ကြမ်းရှတဲ့ လေပြင်းတွေကို ပွေ့ဖက်
၂၀၀၈ ဖွဲ့စည်းပုံကိုလည်း စိတ်အပျက်ကြီးပျက်တဲ့
တောင်ဒဂုံ ၂၄ ရပ်ကွက်က
အိမ်ပိစိကွေးလေးတလုံး ပါတယ်။
မျက်တောင်ကော့ကော့ကြီးတွေအောက်က
မျက်ဝန်းနက်နက်
ကလေး ၄ ယောက်အဖေတောင် ခြေလှမ်းပျက်
နီယွန်မီးတွေထဲမှာ ကောက်ကြောင်းထွက်နေတဲ့
ဆူးလေက ညငှက်ကလေးတွေ ပါတယ်။
ဒါပေမယ့် ...
ဒီသမ္မတတံဆိပ် ပြန်လာကြပါအရက်ဟာ
V-69 မဟုတ်ဘူး
ဘလက်လေဘယ် မဟုတ်ဘူး
ဟုန်ထောင်း မဟုတ်ဘူး
ချက်အရက်စစ်စစ်ဖြစ်တယ်
ဘုရင်နဲ့ ဘုရင်မကို
မြင်းနဲ့ ခွချက် ချက်သလို
လက်နက်ကိုင်တိုက်ပွဲနဲ့ တိုင်းရင်းသား
စီးပွားရေးပိတ်ဆို့မှုနဲ့ ပြည်တွင်းချွတ်ခြုံကျမှု
ငြိမ်းချမ်းရေးနဲ့ တပါတီကြီးစိုးရေး
ဒေါ်အောင်ဆန်းစုကြည်နဲ့ အာဆီယံဥက္ကဌ
မြစ်ဆုံဆည်နဲ့ ဧရာဝတီ
ခွချက်ထားတဲ့ ချက်အရက်စစ်စစ်ဖြစ်ရဲ့။
အန်ဖတ်တွေကို မရွံမရှာ
ကျနော် ပြန်ကျုံးပြီး မြိုချလိုက်တယ်
နှစ်ငါးဆယ်သေဖူးတော့
ပျဉ်ဖိုးနားလည်ရမယ်မဟုတ်လား ...။ ။
မောင်ငြိမ်းအေး
ရွှေဒုံးဘီအောင် မရိုက်တဲ့ ဘိုင်စကုတ်
Sunday, August 21, 2011
ရွှေဒုံးဘီအောင် မရိုက်တဲ့ ဘိုင်စကုတ်
ရွှေဒုံးဘီအောင် မရိုက်တဲ့ ဘိုင်စကုတ်
တုတ်ကြီး (ခေတ္တ-တာဝတိံသာ)
မမြ၀င်းရေ ...
အဲဒီကောင်တွေပေါ့ ...။
အဲဒီကောင်တွေလိုမျိုး ဖြစ်ဖို့ဆိုတာက
မြ၀တီ-မဲဆောက် နယ်စပ်တလျှောက်မှာ
တလတန်သည် နှစ်လတန်သည် ရေသောက် ထမင်းစား
ငှက်ဖျားလည်း ဖြစ်ခဲ့ဖူးမှ ...။
သူများတွေ ရှေ့တန်းသွား
နောက်တန်းမှာ အမြှုပ်ထွက်အောင် ပွားရင်း
တခါတခါ ပါးနား နားရင်း ရိုက်ပစ်ချင်စရာကောင်းလောက်အောင်လည်း
သေနတ်ထဲ ကျည်ဘောက်ပြောင်းပြန်ထည့်တဲ့ ဗဟိုကော်မတီ ခဏတဖြုတ် ဖြစ်ခဲ့ဖူးမှ ...။
အဲသည်နယ်စပ်မှာ ...
ကံမွဲရှာတဲ့ ငါတို့ပြည်က ဖာသည်အသစ်ချပ်ချွတ်ကလေးတွေကိုလည်း
ညအိုပြီဆို အကြွေးနဲ့ သွားသွားကယ်တင်တတ်ဦးမှ ...။
သူများတွေ တောထဲမှာ သေ
တိုက်ပွဲတွေဖြစ်ချိန်
သောင်ရင်းမြစ်ဘေးမှာ စီးကရက်ဘူးအသစ်ကလေး ခါးညှပ်လို့ 
ပြောက်ကျားယူနီဖောင်း စမတ်ဂွမ်ဂွမ်နဲ့ ပေါ်လတစ်ကယ်ဇိမ်ကလေးယူတတ်ဦးမှ ....။
မနာလိုမဖြစ်ပါနဲ့ ကရင်က ကြင်နာလိုက်တာပါ
ဖောရိန်နာက မစလိုက်တာပါ
အိမ်က ပို့လိုက်တာပါ
အဲသလိုလည်း ပိုင်ဦးမှ ...။
ဒေါက်တာဘမော်လောက် ဘိလပ်လိုမမွှတ်ရင်တောင်မှ
ဒွတ်ဒက်ရွှတ်ရှက်နဲ့ စောက်ရှက်ကလည်း နည်းဦးမှ ...။
အဲသလို စောက်ရှက်နည်းရတဲ့အထဲမှာ
ခွဲခြမ်းစိတ်ဖြာ ဂွင်ဆိုတာလည်း ရှာတတ်ဦးမှ
အဲသလို ဂွင်ရှာရင်း မောလို့လည်းမဖြစ်
စကောလားရှစ်ကလေးကလည်း ရဦးမှ ...။
အဲသည်စကောလားရှစ်နဲ့
အပြောသမားမဖြစ်အောင်လည်း
အန်ဂျီအိုလေးဖြစ်ဖြစ် ထောင်ဦးမှ ...။
အဲသလို စကောလားရှစ် မလိုလောက်အောင်
ဟီရိသြတ္တပ္ပနတ္ထိနဲ့ တောက်ပြောင်ရင်လည်း
ဂျာနယ်လေးပဲဖြစ်ဖြစ် ထောင်ဦးမှ ...။
အဲသလို အဲသလို အရည်အချင်းတွေနဲ့ ကောင်တွေမှ
အဲသလို တသက်လုံး လက်ကြောမတင်း
အဲသလို တဘ၀လုံး သူများဘ၀တွေကို ခင်းနင်းလာတဲ့ကောင်တွေမှ
ဒီအချိန် ... ဖျတ်ကနဲ လျှပ်စစ်မီး ခရမ်းချဉ်သီးလောက်
အဲဒီဘတ်သီးအစုတ်ကလေးက လင်းချိန်မှာ
ဝီကနဲ ... ၀ီကနဲ ... မ၀ဲရင် ...
အိမ်က ဖန်ချောင်းကြီး ထင်းနေအောင် ထွန်းထားလည်း
ဘယ်ပိုးဖလံကောင်မှ မ၀ဲတော့ဘူးမှတ် ...။
ဒီမယ် ...
ပြန်မခေါ်ပါနဲ့ဗျာ
ထောင်ထဲက
ယုံကြည်ချက်နဲ့ ဖမ်းထည့်ခံရသူတွေသာ လွှတ်ပေးပါ
တိုင်းပြည်ခွေးဖြစ်တာ
ခုမှ တရားဝင် ရင်ဘတ်စည်တီး
အမြီးကလေး ခါခါပြီး ၀န်ခံနေရတဲ့ ခင်ဗျားကိုတော့ သနားတယ်
လုပ်ငန်းရှင်တွေ အခွန်အတုတ်လျှော့လိုက်တာ
ငတ်မနေတဲ့ လုပ်ငန်းရှင်တွေအတွက် မုဒိတာပွားပါတယ်
ရှဲရှဲ .. နီ ... ပါ
ကျုပ်တို့နိုင်ငံသား တကယ်ပိုင်တာ
ဘယ်လောက်ကျန်ပါသေးသလဲဆရာ ...။
တစ်နဲ့တစ် ပေါင်းတတ်ရင်
ငြိမ်းချမ်းရေးဆိုတာ ခက်တဲ့အရာမဟုတ်ပါဘူး
စစ်နဲ့စစ် ပေါင်းရင်တော့ ခင်ဗျားတို့ ဧရာဝတီကို ကာမယ့်
ရေကာတာတောင် ကျိုးပဲ့ပေါက်ပြဲ အကျိုးမဲ့သွေးတွေ
နှစ်ရှည်လများ စီးနေဦးမှာပါပဲ ...။
ပြောဦးမယ်ဗျ ...
တော်ရုံတန်ရုံအပြစ်ဆိုတဲ့ကိစ္စ
တိုင်းပြည်ကို နွံထဲဆွဲချခဲ့သူတွေက
ဘယ်လိုလူတွေကို ခွင့်လွှတ်မှာတုန်း
ဘယ်လိုလူတွေက ဘယ်လိုလူတွေကို ခွင့်လွှတ်မှာတုန်း
ဆိုပါဦးဆရာရယ် ...။
နှစ်ပေါင်းများစွာ သေနတ်တကားကားနဲ့
ခုမှ အေးဓားပြအဆင်ခင်းပြီး
လေပြေလေပျော့ကလေးနဲ့
တဘ၀လုံး ပြန်ပေးဆွဲခံရသူတွေကို ခွင့်လွှတ်ပြပေမယ့်
ဗိုလ်အောင်ဒင်ဇာတ်လောက် မမိုက်ဘူးဗျာ ...။
ဘာပဲဖြစ်ဖြစ်ပါ
ပြည်ပက တဘ၀လုံး စည်းစိမ်ပြည့်နေတဲ့ကောင်တွေရဲ့
ဂါဝရကို သတိသာထားပြီး ယုံပေါ့ဗျာ
စေတနာနဲ့ သတိပေးတာပါ ...
ခင်ဗျားတို့ တိုင်းပြည်ဖျက်တာ
အားလုံး စိတ်ထားဖြူဖြူနဲ့ ၀ိုင်းပြင်ရင်
နောက်မျိုးဆက်အတွက် ရချင်ကောင်းရနိုင်သေးတယ်
ဒီကောင်တွေ ခင်ဗျားတို့နဲ့ ပေါင်းဖျက်ရင်တော့
သကြားမင်း ပြင်မယ်ဆိုရင်တောင် လူမဲ့လေယာဉ်နဲ့ ပစ်ချခံရချည်ရဲ့ ...။
ကဲ ... ဒါပါပဲလေ မမြ၀င်းရေ
နေချင်လည်းနေခဲ့တော့ ...။ ။
တုတ်ကြီး (ခေတ္တ-တာဝတိံသာ)
Friday, August 19, 2011
Sunday, August 14, 2011
" ဒေါ်အောင်ဆန်းစုကြည်၏ ပဲခူး၊ သနပ်ပင် ခရီးစဉ် " ဓါတ်ပုံများ
ဒေါ်အောင်ဆန်းစုကြည်၏ ပဲခူး၊ သနပ်ပင် ခရီးစဉ်
ဒေါ်အောင်ဆန်းစုကြည်၏ ပဲခူး၊ သနပ်ပင် ခရီးစဉ်
ုံသတင်း
သြဂုတ် ၁၄၊ ၂၀၁၁
ဒေါ်အောင်ဆန်းစုကြည်၏ ပဲခူး၊ သနပ်ပင် ခရီးစဉ်
ုံသတင်း
သြဂုတ် ၁၄၊ ၂၀၁၁






ပဲခူးမြို့အနီးရှိ သနပ်ပင်မြို့နယ်တွင် စာဖတ်ခန်း ဖွင့်ပွဲ ပြုလုပ်နေပုံ
Saturday, August 13, 2011
ဆည်ရေဖောက်ချသဖြင့် တိုက်ကြီး၊ ဥက္ကံတဝိုက် ရွာ ၂၀ ကျော်ရေမြုပ်
ကျော်ကျော် Thursday, 11 August 2011 13:38
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်နှင့် ဥက္ကံမြို့နယ်များတွင် မြစ်ရေကြီးမှုကြောင့် ဆည်ရေဖောက်ချခဲ့ရာ လူတဦး သေဆုံးပြီး ကျေးရွာပေါင်း ၂၀ ကျော်ခန့် ရေနစ်မြုပ်ခဲ့ရကြောင်း သိရှိရသည်။
တိုက်ကြီးမြို့နယ်အတွင်းရှိ တဘူးလှ ဆည်ကို သြဂုတ်လ ၈ ရက်နေ့ ညနေ ၅ နာရီခန့်က ရေဖောက်ထုတ် လိုက်သောကြောင့် တိုက်ကြီးမြို့နယ်နှင့် ဥကံ္ကမြို့နယ်အတွင်းရှိ ကျေးရွာများမှာ ရေကြီးခဲ့ပြီး ကျေးရွာပေါင်း ၂၀ မှ အိမ်ခြေ ၂၅၀ ကျော်ခန့် ပျက်စီးခဲ့ကြောင်း တိုက်ကြီးမြို့နယ်၊ ညောင်ဝိုင်းကျေးရွာသား တဦးကပြောသည်။
“အမှန်တကယ်ဆို ကျနော်တို့ကို အသိပေးပြီးမှ လုပ်သင့်တဲ့ ကိစ္စတခုလို့ပဲ မြင်တယ်။ ဒါမှလည်း ကြိုတင်ပြင်ဆင် ထားလို့ ရမှာလေ။ အခုဟာက ဘာမှကိုမသိလိုက်ဘဲ ညဘက်ကြီးရေတွေ တက်လာတာ။ တချို့ အိမ်တွေဆို ဘာပစ္စည်းမှတောင် မရှိတော့ဘူး၊ အားလုံးရေထဲပါကုန်တာ။ ကလေးတွေရော၊ လူကြီးတွေရော ရေလွတ်အောင် မနည်းပြေးရတယ်” ဟု တိုက်ကြီး မြို့နယ် ညောင်ဝိုင်းကျေးရွာသား တဦးက ပြောသည်။
ထိုကဲ့သို့ တဘူးလှဆည် ရေဖောက်ချလိုက်ခြင်းကြောင့် လယ်ဧက တထောင်ကျော် နစ်မြုပ်ခဲ့ပြီး လူ ၂၀၀၀ ခန့် အိုမဲ့အိမ်မဲ့
ဖြစ်ခဲ့ရကြောင်း သိရှိရသည်။
ထို့အပြင် ဥက္ကံမြို့နယ်တွင်းရှိ ပတောင်းစုကျေးရွာနှင့် ဘုရင့်နောင်ရပ်ကွက်တို့ကို ဆက်သွယ်ထားသော ပေ ၂၀၀ အရှည်ရှိ သစ်သား ဘေလီတံတား ပျက်စီးကာ တံတားပေါ်တွင်လမ်းလျှောက် ဖြတ်ကူးနေသည့် ကျေးရွာသားတဦး သေဆုံးခဲ့ရသည်။
ယခုအခါ ဥက္ကံမြို့နှင့် တိုက်ကြီးမြို့ အတွင်းရှိ ဘုန်းကြီးကျောင်းများနှင့် အစိုးရ စာသင်ကျောင်း များတွင် ရေဘေးဒုက္ခသည် စခန်းများ ဖွင့်လှစ် အကူအညီပေးထားသည်။
“လက်ရှိကတော့ ဒုက္ခရောက်နေတဲ့သူတွေ ကယ်ဆယ်ရေး စခန်းတွေမှာ ရှိကြတယ်။ ကျနော်တို့က သူတို့အတွက် ထမင်း၊ ဟင်း လိုက်ဝေတဲ့ လူတွေပါ။ ရှိတဲ့လူအင်အားလေးနဲ့ ပိုက်ဆံလေးတွေစုပြီး မစားနိုင် မသောက်နိုင်၊ မချက်နိုင် မပြုတ်နိုင်တဲ့ သူတွေကို လိုက်ဝေနေတာပါ” ဟု တိုက်ကြီးမြို့ရှိ BG သွေးလှူအဖွဲ့မှ တာဝန်ခံ ကိုသက်ဦးက ပြောသည်။
ထိုကဲ့သို့ လှူဒါန်းသူများကို သက်ဆိုင်ရာအာဏာပိုင်များက လိုက်လံတားဆီးသဖြင့် အခက်အခဲများ ရှိကြောင်း၊ ဒုက္ခသည် စခန်းများတွင် နေထိုင်နေသူများကို အိမ်ပြန်ကြရန် အတင်းအကျပ် တိုက်တွန်းလျက် ရှိကြောင်း ဥက္ကံမြို့ခံ များက ဆိုသည်။
“အဒေါ်တို့အိမ်က ရေမြုပ်ပျက်စီးပြီး ပစ္စည်းတွေ ရေနဲ့ မျောကုန်ပြီ။ ဘာမှ မရလိုက်ဘူး။ အခု ဒုက္ခသည်တွေနေတဲ့ နေရာမှာ လာနေတာကို လူကြီးတွေက နင်တို့ စားစရာတွေရပြီးရင် ကိုယ့်အိမ်ကိုယ် ပြန်နေကြတော့တဲ့၊ အဲဒီလိုမျိုးတွေ လာပြောသွားတယ်။ အိမ်ပြန်ရင် အိမ်လည်းပြင်ရမှာ စားစရာလည်း မရှိ၊ ချက်ပြုတ်စရာ အိုးခွက်တောင် မရှိဘူး” ဟု ကန်းစွန်းခင်း ကျေးရွာသူတဦးက ပြောသည်။
တိုက်ကြီး ရေဘေးဒုက္ခသည်စခန်းတွင် စေတနာရှင်များက ထမင်းထုပ်များ လိုက်လံဝေငှစဉ် (ဓာတ်ပုံ - ဧရာဝတီ)
တိုက်ကြီးမြို့နယ်အတွင်းရှိ တဘူးလှ ဆည်ကို သြဂုတ်လ ၈ ရက်နေ့ ညနေ ၅ နာရီခန့်က ရေဖောက်ထုတ် လိုက်သောကြောင့် တိုက်ကြီးမြို့နယ်နှင့် ဥကံ္ကမြို့နယ်အတွင်းရှိ ကျေးရွာများမှာ ရေကြီးခဲ့ပြီး ကျေးရွာပေါင်း ၂၀ မှ အိမ်ခြေ ၂၅၀ ကျော်ခန့် ပျက်စီးခဲ့ကြောင်း တိုက်ကြီးမြို့နယ်၊ ညောင်ဝိုင်းကျေးရွာသား တဦးကပြောသည်။
“အမှန်တကယ်ဆို ကျနော်တို့ကို အသိပေးပြီးမှ လုပ်သင့်တဲ့ ကိစ္စတခုလို့ပဲ မြင်တယ်။ ဒါမှလည်း ကြိုတင်ပြင်ဆင် ထားလို့ ရမှာလေ။ အခုဟာက ဘာမှကိုမသိလိုက်ဘဲ ညဘက်ကြီးရေတွေ တက်လာတာ။ တချို့ အိမ်တွေဆို ဘာပစ္စည်းမှတောင် မရှိတော့ဘူး၊ အားလုံးရေထဲပါကုန်တာ။ ကလေးတွေရော၊ လူကြီးတွေရော ရေလွတ်အောင် မနည်းပြေးရတယ်” ဟု တိုက်ကြီး မြို့နယ် ညောင်ဝိုင်းကျေးရွာသား တဦးက ပြောသည်။
ထိုကဲ့သို့ တဘူးလှဆည် ရေဖောက်ချလိုက်ခြင်းကြောင့် လယ်ဧက တထောင်ကျော် နစ်မြုပ်ခဲ့ပြီး လူ ၂၀၀၀ ခန့် အိုမဲ့အိမ်မဲ့
ဖြစ်ခဲ့ရကြောင်း သိရှိရသည်။
ထို့အပြင် ဥက္ကံမြို့နယ်တွင်းရှိ ပတောင်းစုကျေးရွာနှင့် ဘုရင့်နောင်ရပ်ကွက်တို့ကို ဆက်သွယ်ထားသော ပေ ၂၀၀ အရှည်ရှိ သစ်သား ဘေလီတံတား ပျက်စီးကာ တံတားပေါ်တွင်လမ်းလျှောက် ဖြတ်ကူးနေသည့် ကျေးရွာသားတဦး သေဆုံးခဲ့ရသည်။
ယခုအခါ ဥက္ကံမြို့နှင့် တိုက်ကြီးမြို့ အတွင်းရှိ ဘုန်းကြီးကျောင်းများနှင့် အစိုးရ စာသင်ကျောင်း များတွင် ရေဘေးဒုက္ခသည် စခန်းများ ဖွင့်လှစ် အကူအညီပေးထားသည်။
“လက်ရှိကတော့ ဒုက္ခရောက်နေတဲ့သူတွေ ကယ်ဆယ်ရေး စခန်းတွေမှာ ရှိကြတယ်။ ကျနော်တို့က သူတို့အတွက် ထမင်း၊ ဟင်း လိုက်ဝေတဲ့ လူတွေပါ။ ရှိတဲ့လူအင်အားလေးနဲ့ ပိုက်ဆံလေးတွေစုပြီး မစားနိုင် မသောက်နိုင်၊ မချက်နိုင် မပြုတ်နိုင်တဲ့ သူတွေကို လိုက်ဝေနေတာပါ” ဟု တိုက်ကြီးမြို့ရှိ BG သွေးလှူအဖွဲ့မှ တာဝန်ခံ ကိုသက်ဦးက ပြောသည်။
ထိုကဲ့သို့ လှူဒါန်းသူများကို သက်ဆိုင်ရာအာဏာပိုင်များက လိုက်လံတားဆီးသဖြင့် အခက်အခဲများ ရှိကြောင်း၊ ဒုက္ခသည် စခန်းများတွင် နေထိုင်နေသူများကို အိမ်ပြန်ကြရန် အတင်းအကျပ် တိုက်တွန်းလျက် ရှိကြောင်း ဥက္ကံမြို့ခံ များက ဆိုသည်။
“အဒေါ်တို့အိမ်က ရေမြုပ်ပျက်စီးပြီး ပစ္စည်းတွေ ရေနဲ့ မျောကုန်ပြီ။ ဘာမှ မရလိုက်ဘူး။ အခု ဒုက္ခသည်တွေနေတဲ့ နေရာမှာ လာနေတာကို လူကြီးတွေက နင်တို့ စားစရာတွေရပြီးရင် ကိုယ့်အိမ်ကိုယ် ပြန်နေကြတော့တဲ့၊ အဲဒီလိုမျိုးတွေ လာပြောသွားတယ်။ အိမ်ပြန်ရင် အိမ်လည်းပြင်ရမှာ စားစရာလည်း မရှိ၊ ချက်ပြုတ်စရာ အိုးခွက်တောင် မရှိဘူး” ဟု ကန်းစွန်းခင်း ကျေးရွာသူတဦးက ပြောသည်။
Friday, August 12, 2011
ရေကြီးနေဆဲ ပဲခူးသို့ ဒေါ်အောင်ဆန်းစုကြည် သွားမည်
နယူးဒေလီ(မဇ္စျိမ) ။ ။ ပဲခူးတိုင်းအတွင်း လက်ရှိ ရေလျှံမှု စိုးရိမ်အမှတ်ထက် ၄၂ စင်တီမီတာကျော်လွန်ပြီး
၉၅၂ စင်တီမီတာအထိ ရောက်ရှိနေသော်လည်း စာကြည့်တိုက်နှစ်ခုဖွင့်ပွဲသို့ ဒေါ်အောင်ဆန်းစုကြည်မှ မူလ စီစဉ်ထားသည့်အတိုင်း လာမည့် တနင်္ဂနွေနေ့တွင် သွားရောက်မည် ဖြစ်သည်။
“သွားဖို့ပဲ ပြင်ဆင်ပါတယ်။ သွားလို့ ရ၊ မရဆိုတာ တနင်္ဂနွေနေ့ကျမှ သိမယ်လေ။ ကြားထဲမှာ နှစ်ရက်တောင် ရှိသေးတာကိုး” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပြောခွင့်ရ ဦးဉာဏ်ဝင်းက မဇ္စျိမကို ပြောသည်။
ပဲခူးမြို့ ရထားဘူတာရုံတွင် ရေတက်နေခြင်းကို တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ
ရန်ကုန်မှနေ၍ ပဲခူးမြို့နယ်သို့ လာရောက်နိုင်သည့် လမ်းနှစ်သွယ်ရှိရာ ရန်ကုန်-နေပြည်တော် အဝေးပြေး
လမ်းမကြီးနှင့် ရန်ကုန် - ပဲခူး - မန္တလေးလမ်းဟောင်းတို့ ဖြစ်သည်။ ယခုအချိန် ရန်ကုန်-ပဲခူး ကားလမ်းမပေါ် ၃ ဖာလုံခန့် ရေကျော်နေမှုကြောင့် အဆိုပါ ကားလမ်းတွင် ကားငယ်များ သွားလာ၍ မရဘဲရှိနေသည်ဟု ဒေသခံများက ဆိုသည်။
လက်ရှိ အနေအထားအရ ပဲခူးရေကြီးမှု အခြေအနေများနှင့် ပတ်သတ်၍ NLD ရန်ကုန်ဗဟိုမှ လမ်းကြောင်း စီစဉ်ရေး အဖွဲ့များက လာရောက်စစ်ဆေးနေကြသည်ဟု သိရသည်။
“ ပဲခူး - ရန်ကုန် - မန္တလေးလမ်းမကြီး၊ လမ်းဟောင်းပေါ့နော်။ အဲဒီလမ်းဟောင်းကနေ ရေကျသွားမယ် ဆိုလို့
ရှိရင်တော့ အန်တီက အဲဒီလမ်းက လာမှာ။ ရေကမကျဘူး၊ လာမယ့်နေ့ထိ ရေကရှိနေမယ်ဆိုရင်တော့ ရန်ကုန် - နေပြည်တော်အမြန်လမ်းမကြီးကနေ ဘောနက်ကြီးလမ်းကြောင်းအတိုင်း ဘုရားကြီးကျေးရွာ ဘက်ကနေတဆင့် ပဲခူးကို ဆင်းလာလိမ့်မယ်” ဟု ပဲခူးတိုင်း NLD လူငယ် ကိုဂျမားက ဆိုသည်။
ပဲခူးမြို့ပေါ်ရှိ ပန်းလှိုင် ၂၃ လမ်းနှင့် သနပ်ပင်မြို့ မင်းလမ်းတို့တွင် ဖွင့်လှစ်မည့် အောင်ဆန်းဂျာမွန်း စာကြည့်တိုက်
များ၌ စာအုပ်ပေါင်း ၄,ဝဝဝ ကျော်ရှိပြီး ပဲခူးဒေသခံများမှ လှူဒါန်းသည့် စာအုပ်များဖြင့် တည်ဆောက်ထားခြင်း
ဖြစ်ကာ စာကြည့်တိုက်တခုစီအတွက် ကုန်ကျစရိတ်မှာ ကျပ်ငွေ ၁ဝ သိန်းကျော် ရှိသည်။
ခရီးစဉ် လုံခြုံရေးအစီအစဉ်များနှင့်ပတ်သတ်၍လည်း အာဏာပိုင်များနှင့် သြဂုတ်လ ၈ ရက်နေ့က တွေ့ဆုံ
မေးမြန်း ညှိနှိုင်းမှုများရှိခဲ့ပြီး ခရီးစဉ်တွင်း လုံခြုံရေးကိုမူ NLD မှပင် တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်သည်။
“ကျနော်တို့ ပဲခူးမှာ အာဏာပိုင်အဖွဲ့အစည်းတွေပေါ့။ ရဲတို့၊ တခြားအဖွဲ့အစည်းတွေ တော်တော်များများ ကျနော်တို့
ဆီကို ဆက်သွယ်လာတာ ရှိပါတယ်။ သူတို့ကလဲ ဝိုင်းဝန်းပြီးတော့ လမ်းကြောင်းမှာ အနီးကပ်တော့ မဟုတ်ဘူး
ပေါ့နော် လုံခြုံရေးအတွက်ပေါ့” ဟု ပဲခူး NLD လူငယ်တာဝန်ခံ ကိုကျော်ဝင်းမှ မဇ္စျိမကို ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ပဲခူးမြို့သို့ အရောက်တွင် ရွှေမော်ဓော ဘုရားအား ပထမဆုံး ဖူးမြော်လိမ့်မည်
ဖြစ်ကြောင်း ပဲခူး NLD လူငယ်တဦးမှ ဆိုသည်။
ခရီးစဉ်အတွင်း ပြည်တွင်းအခြေစိုက် သတင်းစာဆရာများလည်း လိုက်ပါ သတင်းယူကြမည် ဖြစ်ကာ ယာဉ်တန်း
တွင် ကားအစီးပေါင်း ၂ဝ ခန့်အထိ ဖြစ်လာနိုင်သည်ဟု ခန့်မှန်းထားကြသည်။
လာမည့် သောကြာနေ့တွင်လည်း ဒေါ်အောင်ဆန်းစုကြည်သည် အလုပ်သမားဝန်ကြီး ဦးအောင်ကြည်နှင့် တွေ့ဆုံ
ဆွေးနွေးမှု ပြုလုပ်ဦးမှာဖြစ်ကာ တချိန်တည်းမှာလိုပင် နေပြည်တော်၌ ပြည်ထောင်စုအစိုးရက ပထမဆုံးအကြိမ်
သတင်းစာရှင်းလင်းပွဲ ပြုလုပ်မှာဖြစ်သည်။
NLD အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်သည် ၂ဝ၁ဝ ခုနှစ် နိုဝင်ဘာ ၁၃ ရက်က နေအိမ် အကျယ်ချုပ်မှ လွတ်လာအပြီး ရန်ကုန်ပြင်ပ ခရီးစဉ်များအဖြစ် သားငယ် ကိုထိန်လင်းနှင့်အတူ မိသားစု ဘုရားဖူးခရီးစဉ်အဖြစ် မြန်မာ့ ရှေးဟောင်းမြို့တော် ပုဂံသို့ ဇူလိုင်လအတွင်းက သွားရောက်ခဲ့သေးသည်။
2011 ခုနှစ် အကယ်ဒမီ မှန်းထားတဲ့ ၀န်ကြီးဦးကျော်ဆန်း
ဝန်ကြီးဦးကျော်ဆန်း သတင်းစာရှင်းလင်းပွဲအတွင်း စိတ်ခံစားမှုကြောင့် မေးခွန်းအချို့ကို ဖြေကြားခြင်း မပြု
Published on August 12, 2011 by အံ့ဘုန်းမြတ် · 25 Commentsဒီကနေ့ နေပြည်တော်က ပြန်ကြားရေးဝန်ကြီးဌာနမှာ ပြုလုပ်နေတဲ့ ပြည်ထောင်စု အစိုးရအဖွဲ့သစ်ရဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်းမှာ သတင်းထုတ်ပြန်ရေး အဖွဲ့ရဲ့ ခေါင်းဆောင် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း စိတ်ခံစားမှုကြောင့်ဟုဆိုကာ မေးခွန်းအချို့ကို ဖြေကြားခြင်း မပြုခဲ့ပါဘူး။
အစိုးရသစ်ရဲ့ သက်တမ်း ၄ လကျော် အတွင်း ပထမဆုံး ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း အစိုးရ ပြောရေးဆိုခွင့်ရှိသူ ပြည်ထောင်စု ၀န်ကြီး ဦးကျော်ဆန်းက ၁၉၈၈ ခုနှစ် နောက်ပိုင်း တပ်မတော်အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို ထည့်သွင်း ပြောကြားစဉ် ၀မ်းနည်းမှုဖြစ်ကာ မေးခွန်းတချို့ကို မဖြေကြားခဲ့တာပါ။
အယ်ဒီတာတဦးရဲ့ မေးမြန်းချက်ဖြစ်တဲ့ တိုင်းရင်းသားဒေသတွေက လက်နက်ကိုင် ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး အစိုးရသစ်အနေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ဘယ်အချိန်မှာ စတင် လုပ်ဆောင်မယ်ဆိုတဲ့ မေးခွန်း၊ တိုင်းပြည်မှာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပိုက်ဆံအကြွေ ရှားမှုတွေကို ဘယ်လို ဖြေရှင်းပေးမလဲ ဆိုတဲ့မေးခွန်းနဲ့ ဆင်းရဲမွဲတေမှု လျှော့ချနိုင်ရေးအတွက် ငွေချေးမှုတွေအပြင် ဘယ်လိုစီမံကိန်းတွေ ချမှတ် ဆောင်ရွက်ဖို့ရှိလဲဆိုတဲ့ မေးခွန်းတွေကို ဖြေကြားစဉ် ၀န်ကြီးဦးကျော်ဆန်း စိတ်ခံစားမှုတွေ ဖြစ်ပေါ်ပြီး မျက်ရည်များ ကျလာတာကြောင့် ဖြေဆိုမှုကို ရပ်နားလိုက်တာလည်း ဖြစ်ပါတယ်။
ဒါနဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ တက်ရောက်ခဲ့တဲ့ သတင်းသမားတဦးက ခုလိုပြောပါတယ်။
“ဇေယျာမြတ်ခိုင် မေးတဲ့ မေးခွန်းတွေ မေးတာကို ပြောရင်းပြောရင်းနဲ့ သူဘာသာသူ မျက်ရည်ကျလာတာ ငိုပြီးတော့ တိုင်းပြည်ချစ်တဲ့ စိတ်တွေနဲ့ လုပ်ကြတယ် ဘာညာပေါ့ အိုက်တင်ပေါ့။ သူက အိုက်တင်ပေးတာပေါ့။”
အဲ့ဒီနောက်မှာတော့ အချိန်အနည်းငယ် အနားယူပြီး နာလည်ပေးကြဖို့ ၀န်ကြီး ဦးကျော်ဆန်းက ပန်ကြားပြောဆိုပြီး မေးခွန်းတွေကို ဆက်လက်ဖြေကြားခဲ့ပါတယ်။
“ပြောရင်းပြောရင်းနဲ့ စိတ်ထဲက ဖြစ်သွားတာ။ အဲဒီဟာကို ထိန်းထိန်း သိမ်းသိမ်း ထားပါ၊ ဆောင်ရွက်ပေးပါလို့ ကျနော်ပြောကြားလိုပါတယ်။ မေးခွန်းတွေကို မဖြေနိုင်လို့၊ မဖြေချင်လို့ ဆိုပြီးတော့ သတင်းသမားတွေရဲ့ အမြင်မှာ ထင်သွားနိုင်လို့ပါ။ ကျနော်က ဖြေကြားရတဲ့အပေါ်မှာ ပြောနေရင်း ပြောနေရင်းနဲ့ စိတ်ခံစားမှုတွေ ဖြစ်သွားတာကို နားလည်ပေးကြပါလို့ ကျနော် ပြောကြားလိုပါတယ်။ နောက်တခုက စောစောက သူမေးသွားတဲ့ မေးခွန်းတွေထဲမှာ အသေးစားငွေချေး လုပ်ငန်းအပြင် ကျန်တာတွေကိုရော ဘယ်လိုလုပ်မှာလဲ ဆိုတာကို သူသိချင်တဲ့အတွက် ၀မ်းသာပါတယ်။ အဲဒီအပေါ်မှာ ကျနော်ပြောချင်တာကတော့ သိချင်ရင် အားလုံးပူးပေါင်းကြဖို့ ဆိုတာပါပဲ။ အားလုံးက အသိစိတ်ရှိရှိ ပူးပေါင်းဆောင်ရွက်ကြမှ တိုင်းပြည်တိုးတက်မှာပါ။”
ဒီလိုဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ တက်ရောက်နေတဲ့ မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့ အထွေထွေအတွင်းရေးမှူး ဦးကိုကို (စက်မှုတက္ကသိုလ်) က အခုလိုပြောပါတယ်။
“ဆင့်ပွားပြီး ချိတ်ဆက်ပြီးတော့ တခြားအကြောင်းအရာတွေကို ပြောဆိုတဲ့ အချိန်မှာ သူ စိတ်ခံစားမှု တခု ရသွားတယ်။ ဒါကတော့ ကျနော်ထင်တယ် လူသားတယောက် အနေနဲ့ ဖြစ်တဲ့ စိတ်ခံစားမှုပါပဲ။ ကျနော် မြင်တာကတော့ ဝန်ကြီးအနေနဲ့ သူ မချိတင်ကဲ ဖြစ်သွားပုံရပါတယ်။ ယခင်အစိုးရရဲ့ လုပ်ဆောင်မှုတွေ အပေါ်မှာ သူတို့ ၈၈ အပြီး နောက်ပိုင်းမှာ တိုင်းပြည်ဖရိုဖရဲ ဖြစ်နေတဲ့ အချိန်မှာ ရုန်းကန် လှုပ်ရှားရတယ်ပေါ့ဗျာ။ ရုန်းကန်လှုပ်ရှားရတဲ့ အပေါ်မှာ ပင်ပန်းခံပြီး လုပ်ရတဲ့အပေါ်မှာ ပေါ့ဗျာ။ ဒါလေးကို အသိမှတ်ပြုတာလေး မရှိတဲ့ အပေါ်မှာ သူ နည်းနည်းလေး ခံစားသွားတဲ့ မချိတင်ကဲလေးပါ။ အဲဒီလို ဖြစ်သွားတယ်လို့ ကျနော် ထင်တယ်။ တကယ့် တကယ်ကတော့ ဝန်ကြီးကိုယ်တိုင်ပဲ ပိုသိလိမ့်မယ်ဗျ။”
ဒီသတင်းစာရှင်းလင်းပွဲ အတွင်းမှာတော့ သတင်းထောက်တွေကို မေးခွန်း မေးမြန်းခွင့် အချိန် မိနစ် ၄၀ လောက် ပေးခဲ့ပြီး ပြည်တွင်းပြည်ပ သတင်းသမား ၁၀ ကျော်က မေးခွန်းတွေကို အသီးသီး မေးမြန်းခဲ့ကြပြီး ၀န်ကြီးနဲ့အတူ အစိုးရသတင်းထုတ်ပြန်ရေး အဖွဲ့ဝင်တွေက ပြန်လည် ဖြေကြားခဲ့ပါတယ်။
Tuesday, August 9, 2011
Sunday, August 7, 2011
အမှု ဆိုတာ မအို မဟောင်း မဆွေးမြေ့ဘူး
မြန်မာနိုင်ငံတွင်လက်ရှိကျင့်သုံးနေသော ဥပဒေအရ..-
၁။ စုံစမ်းလို့မရသောအမှုများ
၂။မှားယွင်းဖွင့်ခဲ့သောအမှုများ
၃။လိမ်လည်လှည့်ဖျားပြီးဖွင့်ခဲ့သောအမှုများ
၎။ရဲအရေးမပိုင်သောပြစ်မှုများ
၅။ရုံးတော်သို့ဦးတိုက်လျှောက်ထာရမည့်အမှုများ
၆။တမြို့နယ်မှအခြားတမြို့နယ်သို့လွှပြောင်းပေးပြီးသောအမှုများ...အထက်ပါအမှုများကိုသာပိတ်သိမ်းခွင့်
ရှိပြီး.....လူတဦးချင်းစီရဲ့နစ်နာမှုများအား မည်သူတဦးတယောက်ကမျှသင်ပုန်းချေခွင့်မရှိ။
နောင်တချိန်တွင် အမှန်တရားစုံစမ်းဖေါ်ထုတ်ရေးကော်မတီများဖွဲ့စည်းပြီး တရားဥပဒေနှင့်အညီအရေးယူ
နှိုင်ရေးကြိုးပန်းသွားမည်။
၈၈၈၈ ပြစ်မှုကြွေးကို ဘယ်တော့မှမမေ့
၁။ စုံစမ်းလို့မရသောအမှုများ
၂။မှားယွင်းဖွင့်ခဲ့သောအမှုများ
၃။လိမ်လည်လှည့်ဖျားပြီးဖွင့်ခဲ့သောအမှုများ
၎။ရဲအရေးမပိုင်သောပြစ်မှုများ
၅။ရုံးတော်သို့ဦးတိုက်လျှောက်ထာရမည့်အမှုများ
၆။တမြို့နယ်မှအခြားတမြို့နယ်သို့လွှပြောင်းပေးပြီးသောအမှုများ...အထက်ပါအမှုများကိုသာပိတ်သိမ်းခွင့်
ရှိပြီး.....လူတဦးချင်းစီရဲ့နစ်နာမှုများအား မည်သူတဦးတယောက်ကမျှသင်ပုန်းချေခွင့်မရှိ။
နောင်တချိန်တွင် အမှန်တရားစုံစမ်းဖေါ်ထုတ်ရေးကော်မတီများဖွဲ့စည်းပြီး တရားဥပဒေနှင့်အညီအရေးယူ
နှိုင်ရေးကြိုးပန်းသွားမည်။
၈၈၈၈ ပြစ်မှုကြွေးကို ဘယ်တော့မှမမေ့
ခွေးထက်မိုက်တဲ့ လူ စာရင်းမ၀င်ရေး
ခွေးထက်မိုက်တဲ့လူစာရင်းမ၀င်ရေး
ခွေး ကျနော်တို့မြန်မာတွေအယူအဆအရ တော့ အမတန်ယုတ်ညံ့တဲ့အမျိုးလို့ဆိုကြပါတယ်။
အဲဒီ ခွေးတွေအထဲမှာလည်း လူတွေလိုပေါ့ အထက်တန်း အလယ်လတ်တန်း
အောက်တန်းဆိုပြီး အတန်း ၃မျိုးခွဲခြားလို့တွေ့ကြရမှာပါ။
အထက်တန်းစားခွေးတွေက လူဂုဏ်တန် အသိုင်းအ၀ိုင်းက မွေးမြူခြင်းခံရ သည်။
ကျန်တဲ့လူ့ပတ်ဝန်းကျင်မှာ ကျွေးမွေးစောင့်ရှောက်ခြင်းခံရတဲ့ခွေးတွေကတော့ အလယ်အလတ်တန်းစားခွေးတွေ အဆင့်ပေါ့ ။
ကျွေးသူလဲမရှိ နေစရာလဲမရှိတဲ့ လမ်းပေါ်ကခွေးတွေကတော့ အောက်တန်းစားခွေးတွေလို့ခေါ်ကြပါစို့။
ယနေ့ကမ္ဘာပေါ်မှာဆိုရင်လဲ လူတွေရဲ့ အသက်အန္တရာယ်တွေကို ကာကွယ်ဖို့
မိုင်းရှင်းလင်းရေးတာဝန်တွေကို ထမ်းဆောင်နေကြရတဲ့ခွေးတွေ…
လူသားမျိုးနွယ်စုတွေ ကျောက်ကွယ်သွားတဲ့အထိဒုက္ခပေးနှိုင်တဲ့မူးယစ်ဆေးရှာဖွေရေးတွေမှာ…
ထမ်းဆောင်နေကြရတဲ့ခွေးတွေ…အပြင်လူသားတွေအတွက်အကျိုးပြုလုပ်ငန်းအတော်များများကိုလဲ
ခွေးတွေဟာစွမ်းစွမ်းတမံထမ်းဆောင်နေကြတာကို တွေ့ရှိကြရမှာဖြစ်ပါတယ်။
ဒါပေမယ့် ဘယ်လိုအတန်းအစားကခွေး အမျိုးအစားဘဲဖြစ်ဖြစ် ဘယ်သမိုင်း ဘယ်ကာလ ဘယ်ဒေသမှာဘဲဖြစ်ဖြစ်ပြန်လည်လေ့လာကြည့်မယ်ဆိုရင် ခွေးတွေဟာသစ္စာရှိခြင်း /
ကျိုးနွံခြင်း / ရဲရင့်ခြင်း /တာဝန်သိခြင်း /ကျေးဇူးတရားကိုအထူးသိတတ်ခြင်း
အစရှိတဲ့အရည်အချင်းတွေကို အထင်းသားတွေ့မြင်ကြရမှာဖြစ်ပါတယ်။
အချို့သော အသိဥာဏ်ရှိပါတယ်ဆိုတဲ့ လူသားများထက်ပင် အံ့သြဖွယ်ကောင်းလောက်အောင်
စွမ်းဆောင်နိုင်သည်ကိုတွေ့ရပါတယ်
ဥပမာ ကျနော်တို့မြန်မာနိုင်ငံမှာ လမ်းမများထက်လေလွင့်နေတဲ့ အောက်တန်းစားခွေးတစ်ကောင်ကို
သင်ခေါ်ယူပြီး သင့်ရဲ့အိမ်မှာ ကျွေးမွေး ထားလိုက်ပါက ထိုခွေးကသင့်အိမ်၏လုံခြုံရေးတာဝန်ကို
သင်ခိုင်းစရာမလိုပဲ သူ့အသိစိတ်ဖြင့်ထမ်းဆောင်ပါလိမ့်မယ် နောက်ပြီး သင်သွားလေရာ သူလိုက်ပါလျှက် သင့်ကိုရန်မူလာ သူအား ထိုခွေးကတိုက်ခိုက် ပြီးသင့်ကိုကာကွယ်ပေးပါလိမ့်မယ်
ပိုပြီးထူးခြားတာက သင်က သူ့ကို ရိုက်နှက်လျှင်ပင် သင့်ကို ဘယ်တော့မှပြန်မကိုက်ခြင်းပါပဲ
ထိုခွေး၏ စိတ်အတွင်းအသိစိတ်က သင်သည် သူ၏ထမင်းရှင် /အရှင်သခင်ဖြစ်သည်ဟုစွဲစွဲမြဲမြဲ
မှတ်ယူထားလို့ဖြစ်ပါတယ်။
သင်၏ပတ်ဝန်းကျင် တွင် တွေ့မြင်နေရတဲ့ ပညာတတ်ပါသည်/ အသိဥာဏ်ရှိပါသည်ဆိုတဲ့
လူသားများ ၏အခြေအနေကိုအထက်ပါခွေးများနှင့်နှိုင်းယှဉ် ကြည့်စေချင်ပါတယ်။
ပြည်သူကကျွေးတဲ့ ရိက္ခာ လစာကိုစားပြီး ရှင်သန်နေတဲ့တပ်မတော်ဟာ
ပြည်သူကတပ်ဆင်ပေးထားတဲ့လက်နက်နဲ့
ပြည်သူကိုပြန်ပြီးသတ်နေတာ ခွေးထက်မိုက် လို့ပါပဲ
တပ်မတော်ဆိုတာ ပြည်သူ့ရဲ့ရင်သွေးတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး အချို့အချို့သောတပ်မတော်သား
တွေသည် ပြည်သူကပေးတဲ့ ရိက္ခာ လစာကိုစားသုံးပြီး တိုင်းပြည်ရဲ့ရန်ကိုကာကွယ်ဖို့
ပြည်သူကတပ်ဆင်ပေးထားတဲ့ လက်နက်ဖြင့် ပြည်သူကိုပြန်တ်ဖြတ်ရန်မူနေခြင်းသည် ခွေးထက်မိုက်မဲ လို့ပါပဲ ။။
မြန်မာ့တပ်မတော် ကို ဗိုလ်ချုပ်အောင်ဆန်း စတင်ဖွဲ့စည်းစဉ်ကတည်းက တပ်မတော်သည် ပြည်သူ့အတွက်ဖြစ်ရမည် ပြည်သူအပေါ် ရေ လို လ လိုကျင့်ရမည် ဟူသောဆောင်ပုဒ်ကို
ချမှတ်ကျင့်သုံးစေခဲ့တာကို ယနေ့စစ်သည်တော်ကျင့်ဝတ် တွေထဲမှာရှိနေပါတယ်။
ဝမ်းနည်းစရာကောင်းတာတခုက ယနေ့တပ်မတော်ကိုအုပ်ချုပ်နေတဲ့ ခေါင်းဆောင်တွေသည်
တပ်မတော်သားတွေ အမှန်တကယ်လိုက်နာကျင့်သုံးရမည့် စစ်သည်တော်ကျင့်ဝတ်တွေကို
ဟန်ပြ ပြိုင်ပွဲတွေ ကိုသာလုပ်ပြီး လက်တွေ့ကျင့်သုံးတာကိုမတွေ့ရ သလို
တပ်မတော်သည်လည်းပဲ ပြည်သူ့အတွက်မဟုတ်ပါပဲ တပ်မတော်ခေါင်းဆောင်အချို့၏
ကိုယ်ပိုင်စစ်တပ် တခုကဲ့သို့ အသုံးပြုနေတာကိုသာတွေ့ရလို့ပါ ။
ယနေ့တပ်မတော် ခေါင်းဆောင်တွေဘယ်လောက် အထိ ခွေးထက်ပိုမိုက်မဲခဲ့သလဲဆိုရင်
တပ်မတော်ကိုစတင်တည်ထောင်ခဲ့တဲ့ တပ်မတော်ရဲ့ဖခင်(ပြည်သူ့လွတ်လပ်ရေးဖခင်)လို့
ခေါ်ဆိုရတဲ့ ဗိုလ်ချုပ်အောင်ဆန်း ရဲ့ ဓါတ်ပုံ တွေကို အစိုးရရုံးတွေ စာသင်ကျောင်းတွေကနေ
ဖြုတ်ခိုင်းခဲ့ ခြင်း ၊ တိုင်းပြည်ရဲ့လွတ်လပ်ရေးရရှိဖို့အတွက် တိုင်းရင်းသားပြည်သူတရပ်လုံး
ပါဝင်တိုက်ပွဲဝင်ခဲ့ကြတဲ့ အထိမ်းအမှတ်ဖြစ်တဲ့ တော်လှန်ရေး နေ့ကိုလဲ တပ်မတော်နေ့ဆိုပြီး
ပြောင်းလဲပစ်လိုက်ခြင်း ၊ တိုင်းပြည်ရဲ့ အဓိကလူအများစုကိုးကွယ်ရာဖြစ်တဲ့
ဘုန်းတော်ကြီးတွေနှင့် ကျောင်းသားပြည်သူတွေကို
ဘုန်းတော်ကြီးတွေနှင့် ကျောင်းသားပြည်သူတွေကို
မတရားဖမ်းဆီးခြင်း အတင်အဓမ္မ လူဝတ်လဲစေခြင်း ထောင်သွင်းနှစ်ရှည်ကျခံစေခြင်း
ရိုတ်နှက် သတ်ဖြတ်ခြင်း အပါအ၀င် တိုင်းရင်းသားများ နှင့်ပတ်သက်သောအရေးကိစ္စများအပေါ် မှာ
နိုင်ငံရေးနည်းလမ်းများအသုံးမပြုပဲ စစ်အင်အားသုံးဖြေရှင်းခြင်း တိုင်းရင်းသားကျေးရွာများကို ဖျက်ဆီး
စေခြင်းတို့အပါအ၀င်ဖြစ်ပါတယ်။
ကျနော်တို့တပ်မတော်သားတွေက မိမိတို့ချစ်တဲ့ တပ်မတော်ကြီးကို ပြည်သူကို ကာကွယ်ပေးတဲ့ ပြည်သူ့တပ်မတော်အဖြစ် ကမ္ဘာနိုင်ငံများအလည်မှာ ဂုဏ်သိက္ခာရှိရှိရပ်တည် နှိုင်ရေးအတွက်
လက်တဆုပ်စာ စစ်ခေါင်းဆောင်တွေရဲ့ ကိုယ်ပိုင်တပ်သဖွယ်အသုံးပြုနေတဲ့ ဘ၀ကနေရုန်ထွက်ပြီး
ပြည်သူ့အတွက် တိုင်းပြည်အတွက် တပ်မတော်အတွက် ရဲရဲရင့်ရင့် ရပ်တည်ရင်ဆိုင်ရန်
ပြည်သူ့ရင်ခွင် ထဲကိုပြန်လည်ခိုလှုံ ပူးပေါင်းကြပါလို့တိုက်တွန်းရင်း …
ခွေးထက်မိုက်တဲ့ လူစာရင်းမ၀င်ရေး ကြိုးပမ်းနှိုင်ပါစေလို့ဆန္ဒပြု လိုက်ပါတယ်။
Friday, August 5, 2011
Thursday, August 4, 2011
အမြဲခြောက်လှန့် နေတဲ့ အတိက်ကသစေ

ဒေါက်တာလွဏ်းဆွေ ဘလော့ မှ ကာတွန်း နေမျိုးအေး ၏အတွေးပုံရိပ်ဖြစ်ပါသည်။
Wednesday, August 3, 2011
Tuesday, August 2, 2011
Monday, August 1, 2011
Burma Strange News (Burmese Version): အာဇာနည်နေ့ သမိုင်းအကျဉ်း
Burma Strange News (Burmese Version): အာဇာနည်နေ့ သမိုင်းအကျဉ်း: "အာဇာနည်နေ့ သမိုင်းအကျဉ်း။ မောင်အေးစိုး (YouTube) တင်ထားတဲ့သူက စေတနာအရင်းခံနဲ့ ဖန်တီးပြီး တင်ပေးထားတာပါ။ (ဧရာဝတီဘလော့ကနေ ပြန်လည် မျှဝေပါတ..."
Subscribe to:
Comments (Atom)








