Thursday, August 25, 2011

သက်မွေးဝမ်းကြောင်း လိုင်စင်နှင့် ပညာ ပြန်လည်သင်နိုင်ရေး အတိုက်အခံများ ကြိုးစားမည်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင်(မဇ္ဈိမ) ။      ။ သမ္မတဦးသိန်းစိန် “သဘောကောင်းပုံရသည်” ဟုဆိုကာ အစိုးရ အဆက်ဆက် အတိုက်အခံ
နိုင်ငံရေး လှုပ်ရှားမှုတွင် ပတ်သက်ခဲ့၍  အသက်မွေးဝမ်းကျောင်း ရှေ့နေလိုင်စင် သိမ်းခံခဲ့ရသူများနှင့် ကျောင်းထုတ် ခံရသူများက ပြည်ထောင်စု တရားလွှတ်တ်ာချုပ်တွင် လိုင်စင်ပြန်ရရေးနှင့် ပညာ ပြန်လည်သင်ကြားခွင့်ရရေး ခွင့်ပြုရန် လျှောက်ထားဖို့ ပြင်ဆင်နေကြသည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦးက ပြောသည်။

“လိုင်စင်သိမ်းလိုက်တဲ့ အတွက် အခုအချိန်မှာ ပြန်ရဖို့ အတွက် ကျနော်တို့က ဒါကို စီစဉ်တာပါ။ သမ္မတ ဦးသိန်းစိန်ရဲ့ သဘောထား ကောင်းပုံရတယ်လို့ တွက်ပြီးတော့ ဒီအခွင့်အရေးကောင်းလေးကို ယူပြီးတော့၊ မနေ့က မစ္စတာ ကွင်တားနား လာတဲ့အခါလည်း ပြောပြတယ်”ဟု ကိုယ်တိုင်ပင် ရှေ့နေလိုင်စင် သက်တမ်းတိုးခွင့် ပိတ်ခံထားရသူ ဦးတင်ဦးက ပြောသည်။
ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် သောမတ် အိုဂျေ ကွင်တားနားနှင့် ဒေါ်အောင်ဆန်းစုကြည် တို့ တွေ့ဆုံဆွေးနွေးရာတွင် အသက်မွေးဝမ်းကျောင်း ဆိုင်ရာ လိုင်စင်များ ပြန်ရရေးကိစ္စ ထည့်သွင်း ဆွေးနွေး (ဓါတ်ပုံ မဇ္ဈိမ)

အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အကြံပေးချက်ဖြင့် နိုင်ငံရေး ပတ်သက်သော ရှေ့နေများ သာမက ဆရာဝန်၊ ကျောင်းဆရာ၊ တက္ကသိုလ်တက်ခွင့် မရသူများ၊ ကျောင်းထုတ်ခံရသည့် ကျောင်းသားများ၊ အနုပညာသမား၊ စာနယ်ဇင်းသမားများ၏ လိုင်စင်များကိုပါ ပြန်လည် ရရှိရေးအတွက် NLD ဗဟို ဥပဒေ အထောက်အကူပြု အဖွဲ့က ဦးဆောင်ပြီး တောင်းဆိုသွားမည် ဖြစ်သည်။

“ဒီတခါတင်ရင် ချောချောမောမောနဲ့ အောင်မြင်ကောင်းရဲ့လို့ မျော်လင့်ချက်နဲ့ လုပ်တဲ့ အစီအစဉ်ပါ။” ဟု NLD ၏ ဗဟိုဥပဒေအထောက်အကူပြုအဖွဲ့၏ ဥက္ကဋ္ဌလည်းဖြစ်သူ ဦးတင်ဦးက ပြောသည်။

မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် သောမတ် အိုဂျေ ကွင်တားနားနှင့်
ဒေါ်အောင်ဆန်းစုကြည်တို့ ဗုဒ္ဓဟူးနေ့က ရန်ကုန်မြို့တွင် တွေ့ဆုံဆွေးနွေးရာ အတိုက်အခံများ၏ အသက်မွေးဝမ်းကျောင်း ဆိုင်ရာ လိုင်စင်များ ပြန်ရရေးကိစ္စ ထည့်သွင်း ဆွေးနွေးခဲ့ကြသည်။

အစောပိုင်းက သက်မွေးဝမ်းကျောင်း လိုင်စင် ရုပ်သိမ်းခံရသူ ရှေ့နေများသာ လျှောက်လဲရန် စီစဉ်ထားသော်လည်း ယနေ့တွင် အဖွဲ့တွင်း ပြန်လည် ဆွေးနွေးပြီးနောက် အခြား အသက်မွေးဝမ်းကျောင်းများနှင့် ပညာတပိုင်းတစ
ဖြစ်သူများ အတွက်ပါ  ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရန် စီစဉ်ခဲ့သည်။ ယင်းအပြင် သတင်းစာ ရှင်းလင်းပွဲ တရပ်ကိုလည်း လာမည့် လဆန်းပိုင်းတွင် ပြုလုပ်မည်ဟု ဗဟိုဥပဒေ အထောက်အကူပြု အဖွဲ့ဝင် ဦးအောင်သိန်းက
ပြောသည်။

“ကျနော်တို့ဘက်က အစိုးရသစ် လက်ထက်မှာ ဒါတွေကို အလေးထား စဉ်းစားပေးသင့်တယ်ဆိုတဲ့ အကြောင်း အချင်းအရာနဲ့ (ရင်) ဆိုင်တာပါ” ဟု ဦးအောင်သိန်းက မဇ္စျိမကို ပြောသည်။

ဦးအောင်သိန်း ကိုယ်တိုင်ပင် ယခင် အစိုးရလက်ထက်တွင် နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများ၏ အမှုကို လိုက်လံ
ဆောင်ရွက်ပေးခဲ့ရာမှ တရားရုံးကို မထီမဲ့မြင်ပြုမှုဖြင့် ထောင်ဒဏ် ၄ နှစ်ခံခဲ့ရပြီး ၂ဝဝ၉ ခုနှစ်မတ်လ ၆ ရက်နေ့က လွတ်မြောက်လာပြီးနောက် ရှေ့နေလိုင်စင်ကိုပါ ရုပ်သိမ်း ခံရနေရသည်။

၁၉၈၈ ခုနှစ်နောက်ပိုင်း NLD အဖွဲ့ဝင်များအနက် ရှေ့နေလိုင်စင် အသိမ်းခံထားရသူများကို စာရင်းကောက်ယူရာ လတ်တလော စာရင်းအရ အနည်းဆုံး ၂၄ ဦးရှိသွားပြီ ဖြစ်သည်။

ဗုဒ္ဓဟူးနေ့တွင် ပြည်သူ့လွှတ်တော် အမတ်ဦးသိန်းညွန့်ကလည်း ၁၉၂၆ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် တရားရုံးများကို မထေမဲ့မြင်ပြုသည့် ဥပဒေကို ဖျက်သိမ်းရန် အဆိုကို တင်သွင်းခဲ့ရာ ကြာသာပတေးနေ့ ပြည်သူ့လွတ်တော် အစည်းအဝေးတွင် ပယ်ချလိုက်သည်။

No comments:

Post a Comment