ရုပ်ဝတ္ထုပိုင်းဆိုင်ရာပြောင်းလဲလာမှုကြောင့် လူတို့၏ စိတ်ပိုင်းဆိုင်ရာနှင့် အတွေးအခေါ်ပိုင်းဆိုင်ရာများပါ ပြောင်းလဲလာလိမ့်မည်။
Thursday, December 20, 2012
Tuesday, December 18, 2012
Sunday, December 9, 2012
Wednesday, December 5, 2012
Monday, October 15, 2012
Monday, September 3, 2012
Thursday, July 5, 2012
Tuesday, July 3, 2012
Monday, July 2, 2012
Sunday, July 1, 2012
Saturday, June 30, 2012
Friday, June 29, 2012
Friday, May 18, 2012
ကိုမြင့်အေးရဲ့ထောင်ဝင်စာထုပ် မီးလောင်သွားပြီ
ကိုမြင့်အေးရဲ့ထောင်ဝင်စာထုပ်
မီးလောင်သွားပြီ
ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ် မကြီးကြီးလမ်းနှင့်
ဗဟိုလမ်းထောင့်ရှိ ရှမ်းလမ်းဈေး( ဂွဈေး )ကြီး
မေလ (၁၈) ရက်နေ့ နံနက် (၁း၃၀)နာရီ အချိန်က မီးလောင်မှုဖြစ်ပွါးခဲ့ပြီး
HRDP (လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများကွန်ယက် ကိုစတင်တည်ထောင်သူ၊
ကြည့်မြင်တိုင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးမြင့်အေး
(ယခု လွိုင်ကော်အကျဉ်းထောင်တွင်
နှစ်ရှည်ထောင်ဒဏ်ကျခံနေရသူ) အား
ထောင်ဝင်စာပို့ပေးနေသည့် ဇနီးဖြစ်သူ ဒေါ်လဲ့လဲ့ဝင်း ၏ဈေးဆိုင်အပါအ၀င်ဆိုင်ခန်းပေါင်း(၂၃၃)
ခန်း
မီးလောင်ဆုံးရှုံး ခဲ့သည်။
သို့ဖြစ်ပါ၍ ကိုမြင့်အေး အတွက်ထောင်ဝင်စာ ပို့ပေးနှိုင်ရေး
ဝိုင်းဝန်း ကူညီပေးကြပါရန်
လုပ်ဖေါ်ကိုင်ဖက် ရဲဘော်အပေါင်းနှင့်ဒီမိုကရေစီရေးလှုပ်ရှားနေသူများ၊
မြန်မာနိုင်ငံသားများအားလုံးသို့အသိပေး
တိုက်တွန်း အပ်ပါသည်။
ကိုမြင့်အေး၏ ကိုယ်ရေးအကျဉ်းနှင့် ဆောင်ရွက်ခဲ့မှုအချို့မှာ-

Wednesday, May 9, 2012
Sunday, May 6, 2012
Tuesday, February 21, 2012
စမ်းချောင်းမြို့နယ် NLD ဥက္ကဌ ဦးသက်ဝေ အကြောင်း
မျိုးမင်းနှင့်စီးပိန်(သန်းဇော်မြင့်)တို့အတွက် ပျိုးခင်းအဖွဲ့မှပေးပို့သော အလှူငွေ $ 590 ကိုသက်ဝေထံတွင်စာရင်းပျောက်သွားခဲ့
| 7:53 AM (4 minutes ago) | | ||
| ||||
ကိုထွန်းနိုင်
ဒီနေ့ မျိုးမင်း နဲ့သူ့မိန်းမ ကိုသက်ဝေ (ကိုပေါက်စ) ဥက္ကဌ NLD စမ်းချောင်းမြို့နယ် ရန်ကုန် ကိုသူ့နေအိမ်မှာသွားတွေ့တဲ့အခါ
ကိုသက်ဝေ ကသူ့ထံကို ကျနော်တို့ပို့လိုက်တဲ့ပိုက်ဆံရောက်လာတဲ့အကြောင်းကိုဝန်ခံပြီး

ကြည့်မြင်တိုင်မြို့နယ် မှာနေတဲ့ စိုးနိုင် ဆိုသူကိုသူကပေးပို့ခိုင်းလိုက်ကြောင်း
အဲဒီ စိုးနိုင် ကိုဘယ်မှာတွေ့နှိုင်မလဲ လို့မေးတော့ စိုးနိုင် ဆိုသူဟာထွက်ပြေးနေကြောင်း ဘယ်ရောက်နေလဲဆိုတာသူလဲမသိကြောင်းပြောတယ်တဲ့
အဲဒီတော့ မျိုးမင်း နဲ့ စီးပိန် တို့အတွက် ပိုက်ဆံကတော့ ကိုသက်ဝေ ဆီကနေပျောက်သွားပြီဆိုတာသေချာသွားပါပြီ။
ကျနော်တို့ ငွေစါရင်းရှင်းတမ်း ကို ပျိုးခင်း ဘလော့ မှာအရင်တင်ဘို့ရယ် အဲဒီငွေစါရင်းရှင်းတမ်း ကိုရည်ညွှန်းပြီး e mail တွေကို ကိုကျော်ထက်။ ကိုကျော်ကျော် တို့အပါအ၀င်
ကျနော်တို့အသိုင်းအ၀ိုင်း ကလူတွေအားလုံးသိအောင်ရနှိုင်သမျှ ဖြန့်ဝေ သင့်တယ်လို့ကျနော်တော့ဆန္ဒပြုချင်ပါတယ်။
ကိုမျိုးမင်း ကိုဆက်သွယ်လို့ရတဲ့ ဖုန်းကတော့ 959 488 71472
တဆင့်- 95973143272

Friday, February 3, 2012
Friday, January 27, 2012
သတိထားစရာ တခုပါ
ဖုန်းနှစ်လုံးနဲ့ ဥတစ်လုံး ( အရေးကြီးပါတယ် )
အခုပြောမယ့်အကြောင်းအရာလေးကို ပေါ့ပေါ့ဆဆမတွေးပဲ သေချာ တွေးစေချင်ပါတယ် ။ ပြီးရင် ကိုယ်နဲ့ နီးစပ်ရာတွေကိုလည်း ပြန်လည်ဖြန့်ဝေပေးစေချင်ပါတယ် ။ အရင်ဆုံး စမ်းသပ်ချက်လေး တစ်ခုကို ပြော ဖို့လိုပါ တယ် ။ စမ်းသပ်ချက်ပြုလုပ်ဖို့အတွက် သင့်ဆီမှာ မိုဘိုင်းဖုန်း ၂ လုံးနဲ့ ကြက်ဥ သို့မဟုတ် ဘဲဥ တစ်လုံးရှိရပါမယ် ။

ပုံမှာပြထားတဲ့အတိုင်း ဖုန်းနှစ်လုံးအလယ်မှာ ဥ ကိုထားပြီး နေရာချထားလိုက်ပြီး ကျွန်တော်တို့ ဘာတွေ ဆက်ဖြစ် သလဲဆိုတာ လေ့လာကြည့်ကြရအောင် ။
ကဲ နေရာချထားပြီးပြီဆိုရင်တော့ ဖုန်းနှစ်လုံးကို ဆက်သွယ်မှု ( Call ) ကို စတင်လိုက်ပါ ပြီးရင် ၆၅ မိနစ်အထိ ထားပါ မယ် ။ ပထမဆုံး ၁၅ မိနစ်မှာတော့ ဘာမှမဖြစ်သေးပါဘူး ။ ၂၅ မိနစ်လောက်ကြာပြီးတဲ့အခါမှာတော့ ဥ ဟာ ပူစ ပြုလာပါပြီ ။

ဝိုးးးးးးးး ၄၅ မိနစ်လောက်ရှိလာပြီဖြစ်တဲ့အခါ ဥ ဟာ အရမ်းကို ပူလာပါပြီ ။ သင်ဟာ ၆၅ မိနစ်အထိ ထားမယ် ဆို ရင်တော့ ဥဟာ စားသုံးလို့ရအောင်ကို ကျက်သွားပြီဖြစ်ပါတယ် ။
ကဲ သင်ဘာတွေ မြင်လိုက်ရသလဲ သင်ဘာတွေတွေးမိလိုက်ပါသလဲ ။ မိုဘိုင်းဖုန်းတွေရဲ့ radiation အသံ လှိုင်းတွေက အချိန်အမှတ်တစ်ခုရောက်ပြီဆိုရင် ဥထဲက ပရိုတိန်း တွေကို ကျက်သွားစေနိုင်ပါတယ် ။ ကဲ ဒါဆိုရင် ပရို တိန်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သင့်ဦးနှောက်ကို ကပ်ပြီး ၄၅ မိနစ်ကျော်ကျော်လောက်ဖုန်းပြောရင် ဘာတွေ ဖြစ်နိုင်ပါသလဲ ။
အလွန်ကို အန္တရာယ်များပါတယ် ။ Nerve လို့ခေါ်တဲ့ အာရုံကြောတွေ ပျက်ဆီးနိုင်သလို မှတ်ဥာဏ်ပိုင်းဆိုရင်ရာ စနစ်တွေ ဟာလည်း radiation တွေကြောင့် ထိခိုက်နိုင်ပါတယ် ။ ဒါ့အပြင် ဒီမိုဘိုင်းဖုန်းတွေကထုတ်တဲ့ အသံ လှိုင်းတွေဟာ လိပ်ပြာတွေကို သေစေနိုင်ပါသတဲ့ ။ ကဲ ကျွန်တော်တို့အားလုံး ဖုန်းပြောမှု ကြာချိန် ကို လျော့ ချကြရအောင်လား ။ တတ်နိုင်သမျှ လိုအပ်သလောက်ပဲပြောဆိုကြပါစို့ ။ ဒီ မက်ဆေ့လေးကိုလည်း သင် ချစ်သော သူငယ်ချင်း နဲ့ ညီအကို မောင်နှမများကို ဝေမျှပေးလိုက်ပါ ။
သက်တန့်ချို
5/1/2012

အမွှာပူးမွေးခဲ့တဲ့ အသက်၇၀အရွယ်အဖွားအို
အမွှာပူးမွေးခဲ့တဲ့ အသက်၇၀အရွယ်အဖွားအို

အသက် ၇၀ အရွယ်မှာ အမွှာပူးမွေးခဲ့တဲ့အဖွားအိုနာမည်ကတော့ Omkari Panwar ဖြစ်ပါတယ် ။ တကယ်တော့ သားတစ်ယောက်တည်းရဖို့သာ ရည်ရွယ်ခဲ့တာပါ ။ အသက် ၇၀ အရွယ်မှာ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ ထင်ထား တဲ့ သတ်မှတ်ထားတဲ့ ကိုယ်ဝန်ဟာ အဖွားအိုကို အမွှာပူးမွေးစေခဲ့ပါတယ် ။ သူမ ရဲ့ အမျိုးသားကတော့ အသက် ၇၇ နှစ် အရွယ်ရှိပြီဖြစ်တဲ့ ဘိုးဘိုး Charan Singh Panwar ဖြစ်ပါတယ် ။ သားယောင်္ကျားလေးမထွန်းကား တဲ့ သူတို့ဆီ မှာ ဒီအဖွားအို အရွယ်နဲ့ IVF treatment ပေးဖို့ လယ်သမား အဖိုးဘိုဟာ ကျွဲနွားတွေရောင်းခဲ့ရတယ် ။ သူ့လယ်တွေ ကိုပေါင်ပြီး သူ့ဇနီးအသက်ရှင်ရေးနဲ့ ချောချော မွေ့မွေ့ဖြစ်စေရေးသုံးစွဲခဲ့ရတယ် ။ သူတို့ဟာ အကြွေး ကဒ်တွေကိုလည်း ချေးငှားသုံးစွဲခဲ့ရပါသေးတယ် ။

အားလုံး အဆင်သင့်ဖြစ်တဲ့အခါ Mrs Panwar ဟာ ယောင်္ကျားလေးတစ်ယောက်မိန်းကလေးတစ်ယောက်ကို New Delhi မှ ၇ နာရီလောက်ကားမောင်းသွားရတဲ့ Muzaffarnagar မှ ဆေးရုံမှာ အရေးပေါ် ဗိုက်ခွဲ ကလေးမွေးခြင်း Emergency Caesarean section ပြုလုပ်ခဲ့ပါတယ် ။

ကလေးလေး နှစ်ယောက်မှာ တစ်ယောက်စီဟာ ၂ ပေါင်စီရှိပြီး ဆရာဝန်တွေပြောဆိုချက်အရတော့ ကျန်း မာရေးကောင်း မွန်တယ်လို့ သိရပါတယ် ။ Panwar မှာ အရွယ်ရောက်နေပြီဖြစ်တဲ့ သမီးနှစ်ယောက် ရှိပြီး မြေး ငါးယောက်ရှိပါတယ် ။

ဒါဆို သူတို့ ဒီအသက်အရွယ်ကြီးမှ ဘာကိုစောင့်ဆိုင်းနေကြပါသလဲ သားတစ်ယောက်ရရှိဖို့ပါတဲ့ ။ အိန္ဒိယမှာ သတို့သမီးက သတို့သားကို မင်္ဂလာဆောင်ရင်ပစ္စည်း ဥစ္စာပေးသွင်းရတဲ့ စနစ် Dowry ဆိုတာ ရှိပါတယ် ။ အကယ် ၍များ သူတို့သားတစ်ယောက်လောက်များ ထွန်းကားခဲ့ရင် သတို့သမီး ဖက်က ပေးမယ့် ငွေကြေးနဲ့ သူတို့ လယ်ကလေးမြေကလေးကို ပြန်လည်ပိုင်ဆိုင်ခွင့်ရဖို့ အတွက်ပါတဲ့ ။

Mrs Panwar က ` ကိုယ်ဝန် ၈ လလောက်မှာ အတော်ကသီလင်တနိုင်ပြီး နာလည်းနာလာပါတယ် ဒါပေမယ့် ဒီထက် စောစော မွေးလိုက်ရင်လည်း ဘာတွေဖြစ်မယ်ဆိုတာသိပါတယ် တခါတရံကျတော့ လည်း ကောင်းတဲ့အ ရာတစ်ခုခုကို မျှော်လင့်ထားရင် နာကျင်မှုကို ရင်ဆိုင်ရဲရမယ်မဟုတ်လား ´ လို့ပြောဆိုခဲ့ပါတယ် ။

Thursday, January 26, 2012
Subscribe to:
Comments (Atom)